Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဟန်ဂေရီ ဆက်ဆံရေးကို “မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း” ဟူ၍ ပြောကြား

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟန်ဂေရီနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် သွားရောက်တော့မည်ဖြစ်ကြောင်း သိရသည်။
ဟန်ဂေရီသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပဒေသတွင် အရေးပါသောနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းတည်ဆောက်မှုနှင့် တရုတ်-ဥရောပအလယ်ပိုင်း၊အရှေ့ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်နိုင်ငံ ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-ဟန်ဂေရီ ဆက်ဆံရေးသည် မြင့်မားသောအဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို နှစ်နိုင်ငံ အဆင့်မြင့် ကူးလူးဖလှယ်မှုများသည် နီးကပ်စွာ ရှိခဲ့ကြသည်။ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းလာသလို ကဏ္ဍအသီးသီတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်မှုရှိပြီး အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဟန်ဂေရီနိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်မှုရှိသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ဆက်လက်တည်ရှိသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)


………………………
(Chinese Version)
“好朋友、好伙伴” ——习近平主席谈中匈关系
国家主席习近平即将对匈牙利进行国事访问。
匈牙利是中东欧地区重要国家,是中方推进共建“一带一路”及中国-中东欧国家合作的重要合作伙伴。近年来,在两国领导人的战略引领下,中匈关系保持高水平发展,两国高层交往密切,政治互信持续深化,各领域合作扎实推进、成果丰硕,为两国人民带来切实利益。习近平主席说,中方愿同匈方继续做彼此信赖、合作共赢的好朋友、好伙伴。