Connect with us

China

တရုတ်နိုင်ငံ ရေတပ်၏ ဖူကျန့်လေယာဉ်တင်သင်္ဘော ပထမဆုံး ပင်လယ်ပြင်ရွက်လွှင့်စမ်းသပ်မှု အောင်မြင်စွာ ပြီးစီး

ပထမဆုံး ပင်လယ်ပြင် ရွက်လွှင့်စမ်းသပ်နေသော တရုတ်နိုင်ငံ ရေတပ်၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကို မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန့်သင်္ဘောသည် ရှစ်ရက်ကြာ ပထမဆုံး ပင်လယ်ပြင်ရွက်လွှင့်စမ်းသပ်မှုမစ်ရှင် ပြီးစီးခဲ့ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းကျန်းနန်သင်္ဘောကျင်းဆိပ်ကမ်းသို့ မေ ၈ ရက် ညနေ ၃ နာရီခန့်တွင် ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
စမ်းသပ်မှုကာလအတွင်း ဖူကျန့် သင်္ဘောသည် စွမ်းအင်၊ လျှပ်စစ်ဓာတ်အားစသည့် နည်းစနစ်နှင့် ကိရိယာပိုင်းဆိုင်ရာစမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ရာ မျှော်လင့်ထားသည့် ရလဒ်များ ရရှိခဲ့ကြောင်း၊ ဖူကျန့် သင်္ဘောသည် နောက်တစ်ဆင့်တွင် သတ်မှတ်ထားသော အစီအစဉ်များအတိုင်း နောက်ဆက်တွဲ စမ်းသပ်မှုလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………………..
(Chinese Version)
中国海军福建舰顺利完成首次航行试验
上海,2024年5月8日
5月8日下午3时许,我国第三艘航空母舰福建舰完成为期8天的首次航行试验任务,顺利返回上海江南造船厂码头。
试航期间,福建舰完成了动力、电力等系统设备一系列测试,达到了预期效果。下一步,福建舰将按既定计划开展后续试验工作。
这是首航试验中的中国海军福建舰(5月7日摄,无人机照片)。新华社发(丁子羽 摄)