Connect with us

China

ဝမ်ရိက မော်လ်တာ ဒုတိယဝန်ကြီးချုပ်၊ ဗြိတိန်ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေး အကြံပေး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မော်လ်တာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် ခရီးသွားလာရေးဝန်ကြီး Ian Borg နှင့် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မော်လ်တာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ခရီးသွားလာရေးဝန်ကြီး Ian Borg ၊ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေး Jonathan Powell ၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့နှင့် ဇူလိုင် ၁၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

Ian Borg နှင့် တွေ့ဆုံဆွေးနွေးစဉ် ဝမ်ရိက တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်မှုဖော်ဆောင်ခြင်းအား မော်လ်တာနိုင်ငံ၏ သံတမန်ရေး ဦးစားပေးဦးတည်ချက်အဖြစ် ရေရှည် ဆောင်ရွက်သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ မော်လ်တာနိုင်ငံနှင့်အတူ အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် ဆက်စပ်သည့် ကိစ္စရပ်များနှင့် အရေးကြီး ဂရုပြုမှုကိစ္စရပ်များအပေါ် အခိုင်အမာ ကတိကဝတ်ပြုလိုကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး၏ အနေအထားမှာ ပြိုင်ဖက်မဟုတ်သည့် မိတ်ဖက်ဖြစ်ပြီး အခြေခံမှာ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ရာ နှစ်ဖက်ဆက်ဆံရေး၏ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အနှစ်သာရကို ဖွံ့ဖြိုးတိုးတက်ရေးအမြင်ဖြင့် ရှုမြင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ian Borg က မော်လ်တာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုများ၌ တက်ကြွစွာ ပါဝင်လျက်ရှိရာ ဥရောပသမဂ္ဂ-တရုတ် ဆက်ဆံရေး မြှင့်တင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေး Jonathan Powell နှင့် တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-ဗြိတိန် ဆက်ဆံရေးသည် ကောင်းမွန်စွာ တိုးတက်သည့် လမ်းကြောင်းသို့ ရောက်ရှိခဲ့ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီသလို ခေတ်ကာလ၏တိုးတက်မှု ဒီရေစီးကြောင်းနှင့်လည်း လျော်ညီကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံက အဆိုပြုသည့် စဉ်ဆက်မပြတ်၊ ရေရှည်၊ အပြန်အလှန်အလေးစားမှုရှိသော ဗြိတိန်-တရုတ်ဆက်ဆံရေးကို တန်ဖိုးထားချီးကျူးကြောင်း၊ ပို၍ကျယ်ပြန့်သည့်အမြင်ဖြင့် ဗြိတိန်နှင့်ဆက်ဆံကာ မိတ်ဖက်အဖြစ် ဆောင်ရွက်သွားရန်၊ မဟာဗျူဟာဆွေးနွေးညှိနှိုင်းမှုကို အားဖြည့်ကာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းဖြင့် နှစ်ဖက်ဆက်ဆံရေးအတွက် အနက်အဓိပ္ပာယ်သစ်များ ဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Jonathan Powell က တရုတ်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ကာ တည်ငြိမ်သော၊ လက်တွေ့ကျသောနှင့် ရေရှည်ဖြစ်သော မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယမန်နှစ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့ ကာဇန်တွေ့ဆုံဆွေးနွေးပွဲ၌ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ တရုတ်-အိန္ဒိယ ဆက်ဆံရေး ကောင်းမွန်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ရှင်းလင်းသည့် လမ်းညွှန်မှုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅ နှစ်ပြည့် ဖြစ်ပြီး တရုတ်-အိန္ဒိယဆက်ဆံရေး ကောင်းမွန်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်မှုသည် မလွယ်ကူလှသလို တန်ဖိုးထားထိုက်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်ရန်၊ တရားမျှတ၍ စနစ်ကျသည့် ကမ္ဘာ့ ဗဟုဝင်ရိုးအသွင်ပြောင်းမှုနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို တွန်းအားပေးရန်၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ ဘုံအကျိုးစီးပွားကို လက်တွဲအတူ ကာကွယ်ထိန်းသိမ်းရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်၍ စည်ပင်ဝပြောရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

S. Jaishankar က အိန္ဒိယ-တရုတ်သည် ပြိုင်ဖက်မဟုတ်သည့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များဖြစ်ရာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးရာ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံကဏ္ဍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားလိုကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံအဖြစ် တရုတ်နိုင်ငံက ထိပ်သီးဆွေးနွေးပွဲအား ကောင်းမွန်စွာ ကျင်းပသွားမည့်အပေါ် အစွမ်းကုန်ထောက်ခံအားပေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မော်လ်တာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် ခရီးသွားလာရေးဝန်ကြီး Ian Borg နှင့် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေး Jonathan Powell နှင့် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် ၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် ၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

———————————
(Chinese Version)
王毅分别同马耳他副总理、英国首相国家安全事务顾问、印度外长会谈
新华社北京7月14日电 7月14日,中共中央政治局委员、外交部长王毅在北京分别同马耳他副总理兼外交旅游部长博奇、英国首相国家安全事务顾问鲍威尔、印度外长苏杰生举行会谈。
在同博奇会谈时,王毅表示,中方赞赏马方长期将发展对华关系作为外交优先方向,愿同马方在涉及彼此核心利益和重大关切问题上坚守承诺,深化互利合作。中欧关系的定位是伙伴不是对手,基调是对话与合作,应以发展的眼光看待双方关系互利共赢的本质。
博奇表示,马方坚定恪守一个中国原则,积极参与“一带一路”合作,愿继续为促进欧中关系发挥积极作用。
在同鲍威尔会谈时,王毅表示,在两国领导人战略引领下,中英关系走上改善发展轨道,符合两国人民愿望、顺应时代发展潮流。中方赞赏英方提出发展连贯、持久、相互尊重的英中关系,愿以更宽广视野同英方打交道、做伙伴,加强战略沟通,拓展战略合作,为双边关系注入新内涵。
鲍威尔表示,愿同中方加强对话沟通,推动建立稳定、务实和长远的伙伴关系。
在同苏杰生会谈时,王毅表示,去年习近平主席和莫迪总理喀山会晤达成重要共识,为中印关系改善和发展指明方向。今年是中印建交75周年,中印关系保持改善发展势头,来之不易,值得珍惜。中方愿同印方加强沟通协调,推动平等有序的世界多极化和普惠包容的经济全球化,携手维护“全球南方”共同利益,促进地区和平稳定和发展繁荣。
苏杰生表示,印中是发展伙伴而非竞争对手,愿深化互利合作。印方奉行独立的外交政策,愿同中方加强在多边领域协调配合,全力支持中方作为上合组织轮值主席国办好峰会。(完)
1, 2. 7月14日,中共中央政治局委员、外交部长王毅在北京同马耳他副总理兼外交旅游部长博奇举行会谈。 新华社记者 岳月伟 摄
3. 7月14日,中共中央政治局委员、中央外办主任王毅在北京同英国首相国家安全事务顾问鲍威尔举行会谈。 新华社记者 高洁 摄
4,5. 7月14日,中共中央政治局委员、外交部长王毅在北京同印度外长苏杰生举行会谈。 新华社记者 高洁 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.