Connect with us

Economy

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့၌ ကျင်းပသော ယူနန်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တို့မှ အတူကြီးမှူးကျင်းပသော ယူနန်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲကို ယူနန်-မြန်မာ ကုမ္ပဏီလုပ်ငန်းများအတွက် ပူးပေါင်းဖလှယ်ရေး ပလက်ဖောင်း တည်ဆောက်ရန်၊ ကုန်သွယ်ရေးရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိကျစွာ ချိတ်ဆက်မှုများကို မြှင့်တင်ရန်၊ အရည်အသွေးကောင်းမွန်သော အမှာစာများ ပိုမိုရရှိရန်၊ လက်မှတ်ရေးထိုးထားသော စီမံကိန်းများဖော်ဆောင်ရေးကို တွန်းအားပြုစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်နှင် ယူနန်-တရုတ် ကုမ္ပဏီလုပ်ငန်း ကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၁၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
云南省在缅甸举行经贸合作推介会
新华财经仰光2月16日电(记者张东强) 由云南省商务厅、缅甸工商联合会共同主办的滇缅经贸合作推介会15日在缅甸仰光举行,旨在为滇缅企业搭建交流合作的平台,促成贸易投资合作精准对接,获取更多优质市场订单,推动签约项目落地。
云南省商务代表团、缅甸工商联合会及滇缅企业代表等100余人参加。
图为2月15日,缅甸仰光,滇缅经贸合作推介会现场。