Connect with us

Social, Education & Health

တရုတ်နိုင်ငံ အစိုးရ၏ ဆီးရီးယား ငလျင်ကပ်ဘေး ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်မှု စတင်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရက ဆီးရီးယားနိုင်ငံသို့ ကူညီထောက်ပံ့ပေးသော ငလျင်ကပ်ဘေး ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် နန်ကျင်းမြို့မှ စတင် သယ်ယူပို့ဆောင်နေပြီဖြစ်ရာ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဒမတ်စကတ်စ်မြို့သို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(CIDCA)၏ သတင်းများအရ သိရသည်။

အဆိုပါထောက်ပံ့ရေးပစ္စည်းများတွင် အရေးပေါ်သုံးအိတ် ၃ သောင်းခန့်၊ ဂွမ်းကပ်အင်္ကျီ အထည် ၁ သောင်း၊ စောင် အထည် ၂ သောင်း၊ ဘောင်းဘီ အထည် ၇ သောင်းနှင့်အတူ အသက်ရှူစက်၊ မေ့ဆေးစက်၊ အောက်စီဂျင်စက်၊ LED အရိပ်မဲ့ မီးချောင်း စသည့် အရေးပေါ် ဆေးကုသရေးပစ္စည်းများနှင့် အထောက်အပံ့ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————
中国政府援助叙利亚抗震救灾人道主义物资启运
据国家国际发展合作署消息,2月14日凌晨,中国政府援助叙利亚抗震救灾人道主义物资从南京启运,预计当地时间2月15日早抵达大马士革。该批物资包括约3万个急救包、1万件棉服、300顶棉帐篷、2万条毛毯、7万片成人拉拉裤以及呼吸机、麻醉机、制氧机、LED手术无影灯等应急医疗设备和物资。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.