Connect with us

Africa & Middle East

တရုတ်နိုင်ငံ အစိုးရ၏ ကူညီထောက်ပံ့ရေးပစ္စည်းများ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်မြို့သို့ ရောက်ရှိ၊ တူရကီနှင့်ဆီးရီးယား နှစ်နိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၄၁,၀၀၀ ကျော် ရှိလာပြီဖြစ်

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်မြို့ ဒမတ်စကတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံ၏ကူညီထောက်ပံ့ရေးပစ္စည်းများအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ ဆီးရီးယားနိုင်ငံ ငလျင်ကပ်ဘေးကယ်ဆယ်ရေးအတွက် ကူညီပံ့ပိုးပေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများသည် ဖေဖော်ဝါရီ ၁၅ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်မြို့သို့ ရောက်ရှိလာခဲ့သည်။ တူရကီ-ဆီးရီးယား နှစ်နိုင်ငံအစိုးရနှင့်ကယ်ဆယ်ရေးဌာနများက ထုတ်ပြန်သော သတင်းများအရ ဆီးရီးယားနှင့်ကပ်လျက်ရှိသည့် တူရကီနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးရသူပေါင်း ၄၁,၀၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး စီဟုန်ဝေးက ယခုအကြိမ် ရောက်ရှိလာသည့် တရုတ်အစိုးရမှ ကူညီထောက်ပံ့ပေးသောပစ္စည်းများတွင် အရေးပေါ်သုံးအိတ်၊ ဂွမ်းကပ်အင်္ကျီ၊ ရွက်ဖျင်တဲ၊ ခြုံစောင်စသည်တို့အပြင် အသက်ရှူစက်၊ မေ့ဆေးစက်၊ အောက်စီဂျင်စက် စသည့် ကပ်ဘေးအလွန်ပြန်လည်တည်ဆောက်ရေး၌ အရေးပေါ်လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ ပါဝင်ကြောင်း၊ အဆိုပါ စက်နှင့်ပစ္စည်းများက ကပ်ဘေးဒဏ်သင့်ဒေသများတွင် ပုံမှန် ပြန်လည်ကောင်းမွန်လာရေးအတွက် ဆီးရီးယားအပေါ်အထောက် အကူဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်မြို့ ဒမတ်စကတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံမှ ပို့ဆောင်လိုက်သော ကူညီထောက်ပံရေးပစ္စည်းများအား အောက်သို့ချနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Anadolu သတင်းအေဂျင်စီ၏ ဖေဖော်ဝါရီ ၁၅ ရက် ထုတ်ပြန်သော သတင်းများအရ တူရကီ-ဆီးရီးယား နယ်စပ်ဒေသ၌ အင်အားပြင်ငလျင်လှုပ်ခတ်မှုအပြီး ၂၂၈ နာရီကြာတွင် ကယ်ဆယ်ရေးသမားများက တူရကီနိုင်ငံ Antakyaမြို့ရှိ ပြိုကျပျက်စီးသော အဆောက်အအုံအတွင်း အမျိုးသမီးတစ်ဦးနှင့်၎င်း၏သားနှင့်သမီးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တူရကီ သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာန၏ စာရင်းများအရ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင် ၃,၈၅၈ ကြိမ် လှုပ်ခတ်ခဲ့ရာ ၎င်းတို့အနက် ၃၈ ကြိမ်မှာ ပြင်းအား အဆင့် ၅ နှင့်အထက်ရှိကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့အနီးရှိ Masharqaတွင် ငလျင်ကြောင့် ပျက်စီးခဲ့သော အဆောက်အဦအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနိုင်ငံတွင် သေဆုံးသူ ၃၅,၄၁၈ ဦး၊ ဒဏ်ရာရရှိသူ ၁၀၅,၀၀၀ ဦး ကျော်ရှိရာ ၎င်းတို့အနက် ၁၃,၀၀၀ ကျော်မှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း တူရကီ သမ္မတ အာဒိုဂန်က ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း၌ ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအပြီး မီဒီယာများကို ပြောကြားခဲ့သည်။ တူရကီနိုင်ငံ ပြည်နယ် ၁၀ ခုက ငလျင်ဒဏ်ခံခဲ့ရရာ လူပေါင်း ၁၃.၅ သန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိခဲ့ကြောင်း ထိုနေ့ ဗီဒီယိုရုပ်သံတစ်ခုတွင် သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။ အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူ ၈,၀၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရာ လက်ရှိ ငလျင်ဒဏ်သင့်နေရာတွင် အပျက်အစီးရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၆,၄၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၁ သောင်းနီးပါး ရှိကြောင်း ဆီးရီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ နောက်ဆုံးရစာရင်းများ အရ သိရသည်။

ငလျင်ဖြစ်ပွားပြီးနောက် တူရကီနိုင်ငံသို့ နိုင်ငံနှင့်ဒေသ ၇၆ ခုက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ တူရကီသည် ရွက်ဖျင်တဲ ၃၆,၀၀၀ လက်ခံရရှိပြီး ဖြစ်သလို တူရကီသို့ ပို့ဆောင်လျက်ရှိသော ရွက်ဖျင်တဲ ၅၁,၀၀၀ ရှိကြောင်း သိရသည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluသည် တူရကီသို့ လာရောက်လည်ပတ်သော အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး Ararat Mirzoyanနှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluက ငလျင်လှုပ်ခတ်ပြီးနောက် အာမေးနီးယားက တူရကီသို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၂၈ ဖွဲ့ စေလွှတ်ပြီး တူရကီ တောင်ပိုင်း ငလျင်ဒဏ်ဆိုးဝါးစွာ ခံရသည့် Adiyamanပြည်နယ်၌ ရှာဖွေကယ်ဆယ်မှုများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း တန်ချိန် ၁၀၀ ကို လည်းပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ဆီးရီးယားသမ္မတ Bashar al-Assadက ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadiနှင့် ဒမတ်စကတ်စ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်း Ayman Safadiအနေဖြင့် ဆီရီးယားသို့ ပထမဆုံး လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။ ဂျော်ဒန်နိုင်ငံ အနေဖြင့် ဆီးရီးယားသို့ ငလျင်ကပ်ဘေးအပြီး ကူညီပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင်ပင် ဆီးရီးယားအရေး နိုင်ငံရေးအဖြေရှာမှုများကို ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ayman Safadiက ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ အတိုက်အခံအဖွဲ့ထိန်းချုပ်ထားသည့် အနောက်မြောက်ပိုင်းဒေသ၏ ကျန်းမာရေးစနစ်သည် ချည့်နဲ့လျက်ရှိပြီး ယင်းဒေသရှိ ကပ်ဘေးသင့်ပြည်သူများ၏အခြေအနေကို အထူးစိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ တာဝန်ခံ အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေး အမေရိကန်ဒေါ်လာ ၃၉၇ သန်း လှူဒါန်းကြရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုင်ငံတကာအသိုက်အဝိုင်းကို ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

———————————–
综合消息:中国政府援助物资运抵大马士革 土叙两国地震遇难人数逾4.1万
新华社北京2月16日电综合新华社驻外记者报道:中国政府援助叙利亚抗震救灾人道主义物资15日运抵叙首都大马士革。据土耳其和叙利亚政府及救援机构消息,土耳其南部靠近叙利亚边境地区的强震已致两国超过4.1万人遇难。
中国驻叙利亚大使史宏微在交接仪式上说,此次运抵的中国政府援助物资除急救包、棉服、帐篷、毛毯等紧急救援物资外,还包括呼吸机、麻醉机、制氧机等灾后重建急需的医疗设备,希望这些物资和设备能够帮助叙方克服灾害影响,尽快恢复灾区正常秩序。
据土耳其阿纳多卢通讯社15日报道,在土叙边境地区强震发生228小时后,救援人员在土耳其安塔基亚市一座倒塌的公寓楼废墟中成功救出一位母亲和她的一对子女。另据土灾害和紧急情况管理局统计,6日强震后已发生3858次余震,其中38次震级达5级以上。
土耳其总统埃尔多安14日晚在内阁会议后对媒体说,地震已造成该国35418人死亡,另有超过10.5万人受伤,其中1.3万余人正在住院治疗。
埃尔多安同一天在一次视频讲话中说,地震造成土耳其10个省份受灾,直接受灾人口达1350万。救援人员从废墟中共救出8000多名幸存者。目前震区废墟清理工作已经在展开。
另据叙利亚卫生部及联合国人道主义事务协调厅方面最新统计数据,该国地震遇难人数已达6400人,另有近万人受伤。
土耳其外长恰武什奥卢15日说,地震发生后,已有76个国家和地区向土灾区派出救援和搜救队伍。土耳其已接收3.6万顶帐篷,另有5.1万顶仍在运往土耳其途中。
恰武什奥卢15日与到访的亚美尼亚外长米尔佐扬举行联合记者会。恰武什奥卢说,土耳其发生地震后,亚美尼亚向土派遣了一支28人的搜救队,在土南部重灾区阿德亚曼省参与搜救。此外,亚美尼亚还向土耳其运送了100吨人道主义援助物资。
叙利亚总统巴沙尔15日与约旦外交大臣萨法迪在大马士革举行会晤,这是萨法迪2011年以来首次访问叙利亚。萨法迪表示,约旦将继续向叙利亚提供震后援助,同时也将为政治解决叙利亚问题给予帮助。
世界卫生组织负责突发卫生事件的官员15日表示,反对派控制的叙利亚西北部地区医疗体系异常脆弱,他对当地灾民状况表示非常担忧。
联合国秘书长古特雷斯14日呼吁国际社会捐资3.97亿美元,为叙利亚地震受灾民众提供急需的人道主义救援。(参与记者:熊思浩、汪健、毛磊)(完)

1. Chinese relief aid is seen in Damascus international airport in Damascus, capital of Syria, Feb. 15, 2023. (Photo by Ammar Safarjalani/Xinhua)
2. Relief aid from China is unloaded at Damascus international airport in Damascus, Syria, on Feb. 13, 2023. (Photo by Ammar Safarjalani/Xinhua)
3. Ali Abdul-Rahman and his two kids stand on the side of his destroyed porch at his house hitten by an earthquake in the Masharqa neighborhood in Aleppo city, northern Syria, Feb. 13, 2023.(Photo by Monsef Memari/Xinhua)