Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ ပေကျင်း၌ ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hournနှင့် ပေကျင်းမြို့တွင် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချင်ကန်းက ယခုနှစ်သည် သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ပို၍နီးကပ်မှုရှိသည့် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး ၁၀ နှစ်ပြည့် အခါသမယဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့်အာဆီယံသည် နိုင်ငံကြီးငယ်မရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လမ်းကို လျှောက်လှမ်းခဲ့ရာတွင် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၏ စံနမူနာအဖြစ် ထားရှိခဲ့ကြောင်း ၊တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်၊ အခြေခံမူ နှင့် 《အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်》၏စိတ်ဓာတ်ကို ကျယ်ပြန့်စွာ ဆောင်ရွက်ကာ ဒေသစည်းမျဉ်းစည်းကမ်းစနစ်များကို လက်တွဲကာကွယ် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံက အာဆီယံ ၁၀ နိုင်ငံ၏ “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် မိတ်ဆွေများအဖွဲ့”တွင် ပါဝင်မှုကို တန်ဖိုးထားပါကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်ကို အာဆီယံ၏ အင်ဒို-ပစိဖိတ် မျှော်မှန်းချက် ဦးစားပေးကဏ္ဍများနှင့်အတူ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

Kao Kim Hournက တရုတ်နိုင်ငံသည် အာဆီယံ၏ မိတ်ဖက်ကောင်း ဖြစ်ပြီး အာဆီယံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၃.၀ ဗားရှင်း ဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားလိုကြောင်းနှင့် “တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်”ကို ဆွေးနွေးဆောင်ရွက်သွားလိုကြောင်း ၊ ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ်ရေးကို လက်တွဲအတူကာကွယ်စောင့်ရှောက်ကာ ဒေသအတူဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)

秦刚会见东盟秘书长高金洪
新华社北京3月27日电3月27日,国务委员兼外长秦刚在北京会见东盟秘书长高金洪。
秦刚表示,今年是习近平主席提出建设更为紧密的中国-东盟命运共同体10周年。中国与东盟走出了一条大小邻国和平共处的道路,树立了睦邻友好的标杆。中方愿同东盟一道,弘扬联合国宪章宗旨原则和《东南亚友好合作条约》精神,携手维护地区规则秩序。中方赞赏东盟十国加入“全球发展倡议之友小组”,愿推动“一带一路”倡议同东盟印太展望优先领域开展互利合作。
高金洪表示,中国是东盟的好伙伴,东盟愿与中方加快自贸区3.0版谈判,加紧“南海行为准则”商谈,携手维护地区安全稳定、促进区域共同繁荣。(完)
图文: 3月27日,国务委员兼外长秦刚在北京会见东盟秘书长高金洪。 新华社记者 燕雁 摄