Connect with us

Environment, Disasters & Accidents

စွန့်ပစ် ကုန်တင်ဆိပ်ကမ်းမှ ခေတ်မီဖက်ရှင်ကျသော ဘတ်စကက်ဘောကွင်းအဖြစ် ပြောင်းလဲလာ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ ဟန့်ရန်ခရိုင် ယန်စစ်ဆိပ်ကမ်း မြို့ပြ Tပုံသဏ္ဌာန်စင်မြင့်ရှိ “ကော်ဖုန်း”ဘတ်စကက်ဘော အားကစားကွင်းအား ၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ ဟန့်ရန်ခရိုင် ယန်စစ်ဆိပ်ကမ်း မြို့ပြ Tပုံသဏ္ဌာန်စင်မြင့်ရှိ “ကော်ဖုန်း”ဘတ်စကက်ဘောကွင်းသည် ယခုရက်ပိုင်းများတွင် လူကြိုက်များ ရေပန်းစားလာခဲ့သည်။ မြို့နေပြည်သူအများအပြားက ယင်းနေရာသို့ လာရောက်အပန်းဖြေလေ့ ရှိခြင်းကြောင့် ဝူဟန့်မြို့ မြစ်ကမ်းနံဘေး၏ တစ်မူထူးခြားသော အလှမြင်ကွင်းဖြစ်လာသည်။

ယန်စစ်ဆိပ်ကမ်း မြို့ပြ Tပုံသဏ္ဌာန်စင်မြင့်ကို မူလက ကုန်တင်ဆိပ်ကမ်းအဖြစ် ၁၉၅၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခင် စွန့်ပစ်ခံခဲ့ရသော ကုန်တင်ဆိပ်ကမ်းကို ပြီးခဲ့သည့်နှစ်မှစ၍ ဒီဇိုင်းပြန်လည်ရေးဆွဲပြီး ခေတ်မီ၍ဖက်ရှင်ကျသော ဘတ်စကက်ဘောကွင်းအဖြစ်သို့ ပြင်ဆင်တည်ဆောက်ခဲ့ရာ အနီးဝန်းကျင် မြို့နေပြည်သူများ၏ အပန်းဖြေရာ နေရာ ဖြစ်လာခဲ့သည်။ (Xinhua)

————————-

武汉杨泗港变身:从废弃货运码头到新潮时尚篮球场
位于武汉市汉阳区的杨泗港都市T台“国风”篮球场近日“火热”起来,不少市民专程来此运动休闲,成为武汉江边的独特风景。据介绍,杨泗港都市T台的前身是始建于1959年的杨泗港货运码头,曾经废弃的货运码头自去年开始设计、改造后,变身新潮时尚篮球场和临江公园,成为周边市民健身休闲的好去处。
图文:3月26日无人机拍摄的湖北省武汉市汉阳区杨泗港都市T台“国风”篮球场。新华社记者 熊琦 摄