Connect with us

Asia

ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး လူ ၁၀ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်အနီး ပင်လယ်ပြင်တွင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က မီးလောင်နေသော ကူးတို့သင်္ဘောအား မီးငြိှမ်းသတ်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- ဖိလစ်ပိုင်Basilan ပြည်နယ်ကမ်းခြေစောင့်တပ်ဖွဲ့)

မနီလာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်အနီး ပင်လယ်ပြင်တွင် လူ ၂၀၀ ကျော် တင်ဆောင်လာသော ကူးတို့သင်္ဘော တစ်စီးတွင် မတ် ၂၉ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်အနီး ပင်လယ်ပြင်တွင် မီးလောင်၍ ပျက်စီးသွားသော M/V Lady Mary Joy ကူးတို့သင်္ဘောအား ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- ဖိလစ်ပိုင်Basilan ပြည်နယ်ကမ်းခြေစောင့်တပ်ဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်အနီး ပင်လယ်ပြင်တွင် မီးလောင်၍ ပျက်စီးသွားသော M/V Lady Mary Joy ကူးတို့သင်္ဘောအား ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- ဖိလစ်ပိုင်Basilan ပြည်နယ်ကမ်းခြေစောင့်တပ်ဖွဲ့)

ကူးတို့သင်္ဘော M/V Lady Mary Joyသည် မတ် ၂၉ ရက် ညပိုင်းက Zamboanga မြို့သို့ သွားရာ လမ်းခုလတ်ဖြစ်သော Basilan ပြည်နယ်အနီး ပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက်ရှင်ရေးအတွက် ပင်လယ်အတွင်းသို့ ခုန်ဆင်း ထွက်ပြေးရာ၌ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း Basilan ပြည်နယ် အရေးပေါ်နှင့်ဘေးအန္တရာယ်တုံ့ပြန်ရေးဌာန တာဝန်ခံ Nixon Alonzoက ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။ လက်ရှိတွင် ခရီးသည် ၁၉၅ ဦးနှင့် သင်္ဘောသား ၃၅ ဦးကို ကယ်ဆယ်ပြီးဖြစ်ကြောင်း၊ ခရီးသည် ၇ ဦးမှာ ပင်လယ်ထဲသို့ ခုန်ချပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က အချင်းဖြစ်နေရာသို့ သွားရောက်၍ ကူညီရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။ (Xinhua)

……………………………………………..
(Chinese Version)
菲律宾一渡轮起火至少10人死亡
新华社马尼拉3月30日电(记者闫洁 王晓薇)菲律宾一艘搭载200多人的渡轮29日晚在菲南部巴西兰省附近海域起火,造成至少10人死亡。
巴西兰省应急和灾难应对部门负责人尼克松•阿隆索告诉当地媒体,渡轮“玛丽•乔伊女士”号29日晚前往三宝颜市途中在巴西兰省附近海域起火,至少10人试图跳海逃生后死亡。目前,已有195名乘客和35名船员安全获救,仍有7名乘客跳海后下落不明。
菲律宾海岸警卫队已前往事发地点协助搜救。
1.3月30日,在菲律宾南部巴西兰省附近海域,菲律宾海岸警卫队船只向起火的渡轮实施灭火救援。新华社发(菲律宾巴西兰省海岸警卫队供图)
2.3月30日,因起火事故受损的“玛丽•乔伊女士”号渡轮停靠在菲律宾南部巴西兰省附近海岸。新华社发(菲律宾巴西兰省海岸警卫队供图)
3.3月30日,因起火事故受损的“玛丽•乔伊女士”号渡轮停靠在菲律宾南部巴西兰省附近海岸。新华社发(菲律宾巴西兰省海岸警卫队供图)