Connect with us

Africa & Middle East

ပူတင်က ဧပြီလတွင် တူရကီနိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ဖွယ်ရှိ

ရုရှားသမ္မတပူတင်အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမာပူတင်သည် Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံ ဖွင့်ပွဲသို့တက်ရောက်ရန် ဧပြီ ၂၇ ရက်တွင် တူရကီနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတရီဆပ်တေရစ် အာဒိုဂန်က မတ် ၂၉ ရက်၌ပြောသည်။
ပူတင်အနေဖြင့် မာဆင်ပြည်နယ်သို့ လူကိုယ်တိုင် သို့မဟုတ် တယ်လီကွန်ဖရင့်မှတစ်ဆင့် တက်ရောက်နိုင်ကြောင်း အာဒိုဂန် က ATV-A Haber သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းစီမံကိန်းသည် တူရကီနိုင်ငံတောင်ပိုင်း မာဆင်ပြည်နယ်တွင် တည်ရှိပြီး တူရကီနိုင်ငံ၏ ပထမဆုံးနျူကလီးယားစက်ရုံဖြစ်သည်။ ယင်းစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၃၅ ဘီလီယံကီလိုဝပ်-နာရီ (kWh) ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းလျှပ်စစ်လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်းသည် ကိုယ်ပိုင်တည်ဆောက်လည်ပတ်သောပုံစံဖြင့် အကောင်အထည်ဖော်သည့် ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်သည်။ သဘောတူညီမှုစာချုပ်အရ ရုရှား၏ Rosatom ကုမ္ပဏီက ဓာတ်အားပေးစက်ရုံ၏ ဒီဇိုင်း၊ တည်ဆောက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ လည်ပတ်မှုနှင့် ပယ်ဖျက်ရေးတို့ကို ပံ့ပိုးပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………….

(English Version)
Putin may attend nuclear power plant inauguration in Türkiye in April: media
ANKARA, March 29 (Xinhua) — Turkish President Recep Tayyip Erdogan said late Wednesday that his Russian counterpart Vladimir Putin may travel to Türkiye on April 27 to attend the inauguration ceremony of the Akkuyu nuclear power plant.
Erdogan told news channel ATV-A Haber in an interview that Putin may either travel to Mersin in person or attend the ceremony via teleconference.
The project, located in the southeastern Turkish province of Mersin, is Türkiye’s first nuclear plant. It is expected to produce 35 billion kilowatt-hours (kWh) of electricity annually and will meet about 10 percent of domestic electricity needs.
It is the world’s first nuclear power plant project implemented through a build-own-operate model. Under a contract, Russia’s Rosatom firm has agreed to provide the power plant’s design, construction, maintenance, operation and decommissioning. Enditem