Connect with us

North America

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုစက်ရုံ မီးလောင်မှုဖြစ်ပွား၊ လူပေါင်း ၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် မီးလောင်မှုဖြစ်ပွားသော စက်ရုံအား ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုစက်ရုံတွင် ပြီးခဲ့သည့်ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အန္တရာယ်ဖြစ်စေနိုင်သော မီးခိုးအငွေ့များ ပါရှိခြင်းကြောင့် ဒေသခံအစိုးရက အချင်းဖြစ်နေရာအနီးတစ်ဝိုက်ရှိ လူပေါင်း ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း အမေရိကန် ဒေသခံမီဒီယာများ၏ ဧပြီ ၁၃ ရက် သတင်းများအရ သိရသည်။အဆိုပါစက်ရုံသည် အဓိကအားဖြင့် ပလပ်စတစ်ပြန်လည်အသုံးပြုထုတ်ကုန်တို့ကို လုပ်ဆောင်လေ့ရှိရာ အင်ဒီယားနားပြည်နယ် မြို့တော် အင်ဒီယားနားပိုလီးစ် အရှေ့ဘက် ၁၁၃ ကီလိုမီတာအကွာရှိ Richmondမြို့တွင် တည်ရှိသည်။ အချင်းဖြစ်ပွားမှုသည် ဧပြီ ၁၁ ရက် ညနေပိုင်းကဖြစ်ပြီး သေဆုံး ဒဏ်ရာရသူမရှိကြောင်း၊ မီးလောင်သည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း သိရသည်။ ဧပြီ ၁၃ ရက်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း၊ မီးလောင်မှုကို ရက်အနည်းငယ်ဆက်လက် ငြှိမ်းသတ်ရန်လိုအပ်မည်ဟု အချင်းဖြစ်နေရာတွင် တာဝန်ထမ်းဆောင်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များက ခန့်မှန်းထားကြကြောင်း သိရသည်။

မီးလောင်မှုကြောင့် အန္တရာယ်ဖြစ်စေသော မီးခိုးများ ဖြစ်စေခဲ့သည်။ အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ ပညာရှင်က အချင်းဖြစ်ပွားသောနေရာအနီးတွင် ရယူထားသော လေထုနမူနာပစ္စည်းတွင် ဘန်ဇင်း၊ ကလိုရိုက်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်စသည့် ဓါတုပစ္စည်းများကို တွေ့ရှိခဲ့သည်။

အင်ဒီယားနားပြည်နယ်ဒေသခံ အစိုးရက အချင်းဖြစ်သောနေရာအနီးရှိ ကုမ္ပဏီလုပ်ငန်းများနှင့်ကျောင်းများကို ပိတ်ထားပြီး အချင်းဖြစ်နေရာ၏ ၀.၈ ကီလိုမီတာ ပတ်ဝန်းကျင်တွင် နေထိုင်သူ ၂,၀၀၀ ကျော် ကို ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
美国印第安纳州一回收厂发生火灾 逾2000名居民被疏散
新华社芝加哥4月13日电(记者徐静)据美国当地媒体13日报道,美国印第安纳州一家回收厂日前发生火灾,产生大量夹杂有害物质的浓烟,当地政府下令疏散火灾现场附近逾2000名居民。
据报道,回收厂位于印第安纳州首府印第安纳波利斯以东113公里的里士满市,主要回收塑料等制品。火灾于当地时间11日下午发生,没有造成人员伤亡,起火原因尚不清楚。至13日,火灾仍未扑灭,现场灭火的消防人员预计大火还将持续数天。
大火燃烧产生大量夹杂有害物质的浓烟。美国国家环境保护局专家在火灾现场附近提取的空气样本中发现了苯、氯化物、氰化氢等化学物质。
印第安纳州当地政府已关闭邻近企业和学校,并下令疏散火灾现场周边0.8公里范围内的居民,涉及逾2000人。
1. 这是4月13日拍摄的美国印第安纳州发生火灾的回收厂。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.