Connect with us

China

လူမှုကွန်ရက်စာမျက်နှာများတွင် ကျော်ကြားလာသော “up Gengma”_____ တရုတ်နိုင်ငံ ကန်မာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်လေး၏ တေးသီချင်းအကြောင်း တစေ့တစောင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့ခေါင်းဆောင် ဝမ်ဖုန်း(အောက်ဘက်-ယာ)နှင့် သရုပ်ဆောင်များ အက ကကွက်များကို ဆွေးနွေးပြောကြားနေစဉ်(ဆင်ဟွာ)

ကန်မာ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ယခုနှစ် တိုင်လူမျိုးတို့၏ ရိုးရာ သင်္ကြန်ပွဲတော်မတိုင်မီ “Up Gengma” ဟူသော အဆိုအကသရုပ်ဖော် MV တေးသီချင်းသည် တရုတ်လူမှုကွန်ရက်များတွင် နာမည်ကျော်ကြားလာခဲ့သည်။ ယင်းတေးသီချင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တိုင်းရင်းသားအဆိုအက အနုပညာရှင်အဖွဲ့က ဖန်တီးသည့် စတုတ္ထမြောက် သင်္ကြန် သီချင်း ဖြစ်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့ခေါင်းဆောင် ဝမ်ဖုန်း(ဝဲ)က တိုင် တိုင်းရင်းသား မိန်းမပျိုလေး၏သိုင်းပညာအက ဗီဒီယိုကို ရိုက်ကူးနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့၏အနုပညာရှင်များ တိုင်လူမျိုးရိုးရာ ဓါးအက လေ့ကျင့်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့၏ အနုပညာရှင်များ အကလေ့ကျင့်နေကြသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့ခေါင်းဆောင် ဝမ်ဖုန်း(ရှေ့တန်း-ဝဲ)နှင့် အဆိုအက သရုပ်ဆောင်များ ကန်မာ တိုင်လူမျိုးတေးသွားအက လေ့ကျင့်နေကြသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့မှ ယန်ဖိန်(ဝဲ)၊ ကျိုက်နူစီ၏ ကျွမ်းထိုးအကလေ့ကျင့်မှုများကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကန်မာခရိုင် အဆိုအကအဖွဲ့သားများ အကလေ့ကျင့်နေကြသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ထုတ်ဝေသည့်ကုန်ကျစရိတ်မမြင့်မားဘဲ နာမည်ကျော်ကြားလာရခြင်း၏နောက်ကွယ်တွင် တိုင်းရင်သား အကအနုပညာရှင်များ၏ ရှေးဒြပ်မဲ့ယဉ်ကျေးမှုကို ဆန်းသစ်ဖန်တီးခြင်း၊ “လူငယ်အသွင်ပြောင်းခြင်း”ဟူသော ရဲဝံ့သည့် ကြိုးပမ်းချက်များကြောင့်ဖြစ်ရာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ခရိုင်အဆိုအကအနုပညာရှင်အဖွဲ့၏ မဆုတ်မနစ်သော အနုပညာတင်ဆက်မှုအိပ်မက်ကို ဖော်ပြနေသည်။
“Up Gengma” သီချင်း ဖော်ပြလိုသော အနက်အဓိပ္ပါယ်မှာ အခက်အခဲများကို ကြောက်ရွံ့ခြင်းမရှိ၊ လုံလဝီရိယဖြင့် ရှေ့သို့ တက်လှမ်းချီခြင်း ဖြစ်ကြောင်း ယင်းအဆိုအကအဖွဲ့၏တာဝန်ခံ ဝမ်ဖုန်းက ဆိုသည်။

ပေါ့ပေါ့ပါးပါး ပျော်ရွှင်ကြည်နူးဖွယ် သံစဉ်အတိုင်း ဗုံရှည်သံစဉ်ကိုအခြေခံပြီး ရေးဖွဲ့ထားသည့် ဤတေးသီချင်းသည် လူအများ၏အာရုံအား ဆွဲဆောင်နိုင်ခဲ့သည်။ ဗီဒီယို၌ ကပြဖျော်ဖြေနေသူများတွင် အဆိုအကအဖွဲ့သားများပါသလို ဒေသခံသာမန်ပြည်သူများလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့သည်။ သမင်နီအကနှင့် ဆင်ဖြူတော်အကစသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို တစ်မျိုးစီအလှည့်ကျ ပြသဖျော်ဖြေမှုက “Up Gengma” MV ၏ သရုပ်ဖော်မှုကို ပို၍ မြိုင်ဆိုင်စေရာ ဒေသ၏သာယာဝပြောမှုနှင့် လူထု၏ချမ်းမြေ့သာယာသောဘဝကို ထင်ဟပ်ပြသနိုင်ခဲ့သည်။
“ကျွန်တော်တို့က ပေါ့ပါးပျော်ရွှင်ကြည်နူးဖွယ်ရာတေးသံစဉ်ကို အဓိကထားတယ်။ ဒါပေမဲ့ စည်ကားမှုဆိုတဲ့ နောက်ကွယ်မှာ ရိုးရာယဉ်ကျေးမှုဆိုတာတွေကိုလည်း တွေ့နိုင်တယ်”ဟု ယင်းတေးသီချင်းအောင်မြင်ရသည့်အကြောင်းကို ဝမ်ဖုန်းက ပြောသည်။

သင်္ကြန်သည် တိုင် တိုင်းရင်းသားများ၏ နှစ်သစ်ဖြစ်ပြီး နှစ်စဉ် ဧပြီလလယ်တွင် ကျင်းပလေ့ရှိရာ တိုင်လူမျိုးများ၏ တစ်နှစ်တာအတွင်း စည်ကားသိုက်မြိုက်ဆုံးသော ရိုးရာပွဲတော် တစ်ခုဖြစ်သည်။

သင်္ကြန်သီချင်း ဖန်တီးရေးဖွဲ့ရခြင်းက ပွဲတော်အတွက် ကောင်းမွန်သော အငွေ့အသက်များ တည်ဆောက်ပေးခြင်းဖြစ်သလို ပွဲတော်အခါသမယတွင် ဇာတိမြေ ကန်မာ၏တစ်မူထူးခြားသည့် ရိုးရာပွဲတော်ကို အများသိရှိစေလိုခြင်းကြောင့် ဖြစ်ကြောင်း၊ ဒေသယဉ်ကျေးမှုကို ပြသသည့်တစ်ချိန်တည်းတွင် တီဗီဖန်သားပြင်ပေါ်ကတစ်ဆင့် ချမ်းမြေ့ပျော်ရွှင်မှုများကို လူတိုင်းအား မျှဝေလိုသည့် စေတနာအရင်းခံကြောင့် ဖြစ်ကြောင်း ဝမ်ဖုန်းက ဆိုသည်။ (Xinhua)

…………………………………….
(Chinese Version)
中国故事|“up 耿马”:一家县级民族歌舞团的“逆袭”
今年傣族传统节日泼水节前夕,一部名为《up 耿马》的舞曲MV走红中国社交网络。这是云南省耿马县民族歌舞团创作的第四部泼水舞曲。
制作成本不高,却能“火出圈”,背后是少数民族舞者将古老非遗创新编排,展现“年轻态”的勇敢尝试,也诉说着地处西南边陲一个县级歌舞团执着的舞台梦想。
该团负责人王峰告诉记者,《up 耿马》取意努力向上、不畏艰难。它延续了以往轻松欢快的律动风格,以象脚鼓语为基础编排的音乐尤其让人印象深刻。视频中既有歌舞团成员,也有当地老百姓。马鹿舞和白象舞等非遗元素轮番上阵,丰富的镜头语言里,尽显当地大美风光和群众的幸福生活。
“我们主打的就是轻松欢快的基调。但热闹背后,你会发现植入了一些传统文化元素。”王峰这样总结泼水舞曲走红的缘由。
泼水节,又称傣历新年,时间一般在每年4月中旬,是傣族群众一年中最盛大的传统节日。节日期间,人们用相互泼水的方式互送祝福。王峰说,之所以要打造泼水舞曲,一来营造良好节日氛围;二来利用节点宣传家乡,让更多人了解这里独特的传统文化,在打造地方文化名片的同时,也透过屏幕将幸福和快乐传达给每一个人。

1. 耿马县民族歌舞团团长王峰(右下)在和演员们交流舞蹈动作。新华社记者 胡超 摄
(Xinhua)
2. 耿马县民族歌舞团团长王峰(左)在拍摄傣族女创拳小视频。新华社记者 胡超 摄
3. 耿马县民族歌舞团演员在练习傣族传统刀舞。新华社记者 胡超 摄
4. 耿马县民族歌舞团的演员们在练功房训练。新华社记者 胡超 摄
5. 耿马县民族歌舞团团长王峰(前左)在练功房和演员们一起练习耿马傣族古乐舞。新华社记者 胡超 摄
6. 耿马县民族歌舞团演员岩平(左)、宰努思在练功房练习侧空翻。新华社记者 胡超 摄
7. 耿马县民族歌舞团演员在排练。新华社记者 胡超 摄