Connect with us

North America

အမေရိကန် ထောက်လှမ်းရေးလျှို့ဝှက်ချက်စာရွက်စာတမ်းများ ပေါက်ကြားစေခဲ့သူက အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဝင်ဖြစ်နေ

ဝါရှင်တန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသော အမေရိကန် ထောက်လှမ်းရေးအထောက်အထား အမြောက်အမြားကို အများပြည်သူထံ ပေါက်ကြားစေခဲ့သူသည် မက်ဆာချိူးဆက် အမျိုးသား လေကြောင်းလုံခြုံရေးတပ်ဖွဲ့ (MANG) မှ လူငယ်လေတပ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း The New York Times က ဧပြီ ၁၃ ရက်၌ သတင်းဖော်ပြခဲ့သည်။

အသက် ၂၁ နှစ်အရွယ် Jack Teixeira သည် MANG ၏ ထောက်လှမ်းရေးတပ်ဖွဲ့၌ အလုပ်လုပ်ကိုင်နေသောအမေရိကန် လေတပ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း Times သတင်းစာက ဖော်ပြထားသည်။
Teixeira သည် အဖွဲ့ဝင်အရေအတွက် ၂၀ မှ ၃၀ အထိရှိသော ပုဂ္ဂလိက အွန်လိုင်း chat group တစ်ခု၏ ခေါင်းဆောင်လည်းဖြစ်ကြောင်း သတင်းအရ သိရသည်။
အဆိုပါ chat group အဖွဲ့ဝင်များကို Times သတင်းစာက တွေ့ဆုံမေးမြန်းရာတွင် အဖွဲ့ခေါင်းဆောင်က ၎င်း၏ အမည်ကို “OG” ဟုသာဖော်ညွှန်းထားကြောင်းနှင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်း၊ ဒစ်ဂျစ်တယ်သက်သေအထောက်အထားများက Teixeira ထံ ဦးတည်နေခြင်းဖြစ်ကြောင်း သတင်းစာက ဆိုသည်။ (Xinhua)

………………………………………………
Leaker who spread U.S. intel docs is member of national guard: media
WASHINGTON, April 13 (Xinhua) — The man who leaked a trove of U.S. intelligence documents, some marked as top secret, to the public is a young airman enlisted in the Massachusetts Air National Guard (MANG), The New York Times reported Thursday.
Identifying the U.S. service member as 21-year-old Jack Teixeira who works in the MANG’s intelligence wing, the Times said it based the finding on interviews and documents it reviewed.
The report said Teixeira is the leader of a private online chat group with members numbering 20 to 30.
Though members of the chat group interviewed by the Times didn’t identify the leader by name — only referring to him as “OG” — the newspaper said digital evidence it compiled led to Teixeira.
Photo: Photo taken on Feb 19, 2020 shows the Pentagon seen from an airplane over Washington DC. [Photo/Xinhua]

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.