Connect with us

Asia

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်နုတ်ထွက်ခြင်းကို မကြိုဆိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ ပြောကြား

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဇန်နဝါရီ ၃၁ ရက် အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီ အစည်းအဝေးတွင် အမေရိကန်၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ခြင်း ဆုံးဖြတ်ချက်ကို မကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု Jiji Press သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီမတိုင်မီ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဂျပန်အနေနဲ့ အမေရိကန်ရဲ့ အဲ့ဒီအခန်းကဏ္ဍမှာ အားလျော့သွားစေမယ့် လုပ်ရပ်မျိုးကို မကြိုဆိုဘူး” ဟု ရှိဂဲရု အီရှီဘာက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်က အမေရိကန်သမ္မတ ထရမ့်သည် ၎င်းရာထူးတာဝန်ထမ်းဆောင်သောနေ့တွင် အမိန့်ကြေညာစာ လက်မှတ်ရေးထိုး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အစီအမံများ အမြန်ဆုံး လုပ်ဆောင်ရန် ညွှန်ကြားကာ အမေရိကန်အစိုးရမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပေးအပ်သော မည်သည့် ငွေကြေး၊ ထောက်ပံ့မှု၊ အရင်းအမြစ်များကိုမဆို ယာယီရပ်တန့်ခဲ့ကြောင်း သိရသည်။ ဤလုပ်ရပ်သည် နိုင်ငံတကာတွင် ကြီးမားသော အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
日本首相石破茂:不欢迎美国退出世卫组织
新华社东京1月31日电(记者李子越 陈泽安)据日本时事社报道,日本首相石破茂1月31日在国会众议院预算委员会会议上表示,不欢迎美国退出世界卫生组织这一决定。
石破茂说:“美国此前在全球卫生健康领域发挥了重要作用。对于日本而言,不欢迎美国削弱这一作用的做法。”
1月20日,美国总统特朗普在其上任首日签署行政令,宣布美国退出世界卫生组织,并要求尽快采取措施,暂停向世卫组织提供任何来自美国政府的资金、支持和资源。此举在国际上引发巨大争议。(完)
图说1:11月11日,日本首相石破茂在日本东京首相官邸出席记者会。新华社发(Pool图片,太田洁摄)