Connect with us

Sino-Myanmar

တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း မေတ္တာအိတ်ထုပ် ပေးဝေခြင်းအခမ်းအနားသို့ တရုတ်သံအမတ်ကြီး Ms. Ma Jia တက်ရောက်

တရုတ်သံအမတ်ကြီး Ms. Ma Jiaက တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း မေတ္တာအိတ်ထုပ် ပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) မှ စီစဉ်ကျင်းပသော နိုင်ငံတကာ မေတ္တာအိတ်ထုပ် ပေးဝေခြင်းအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်တွင် နေပြည်တော် အမှတ် (၅) တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့်အတူ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo ၊ CFRD ၏ မြန်မာနိုင်ငံဆိုင်ရာရုံး Country Director Ms. Lin Yuan ၊ စာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းနှင့် ဆရာဆရာမ ကျောင်းသူကျောင်းသား ကိုယ်စားလှယ်ပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် သံအမတ်ကြီး Ms. Ma Jia က မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူသော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားကြောင်း၊ ပညာရေးကဏ္ဍတွင် နှစ်နိုင်ငံ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှု မြှင့်တင်ရေးကို ထောက်ခံကြောင်း၊ CFRD ၏ “မေတ္တာအိတ်ထုပ်” “ပေါက်ဖော်ပညာသင်ဆု” “Smiling Children” စသည့် စီမံကိန်းများသည် မြန်မာကျောင်းသားကျောင်းသူ ၆ သိန်းခန့်ကို အကျိုးပြုခဲ့ပြီး လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခံခဲ့ရကြောင်း၊ ပိုမိုများပြားသော တရုတ်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီသော ကုသိုလ်ကောင်းမှုပြုခြင်း လုပ်ငန်းစဉ်တွင် ပါဝင်လာကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းတို့က မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီပေးမှုအပေါ် အထူးကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်သော CFRD ၏ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာစီမံကိန်းများကို ချီးမွမ်းကြောင်း၊ နှစ်ပေါင်းထောင်ချီရှိသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အဓွန့်ရှည်တည်တံ့စေရန် မြှင့်တင့်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117