Connect with us

Media

စစ်အေးခေတ်အတွေးအခေါ်၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများကို အာရှ_ပစိဖိတ်က ကြိုဆိုမည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ယခုကာလများတွင် နေတိုး(NATO) အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများသို့ သွားရောက်၍ တရုတ်နိုင်ငံနှင့်ပတ်သက်သောပြောကြားမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ၎င်း၏အကြံအစည်မှာ သတိထားဂရုပြုဖွယ်ရာ ဖြစ်ကြောင်းနှင့် စစ်အေးခေတ်အတွေးအခေါ်၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများကို အာရှပစိဖိတ်က ကြိုဆိုမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က တောင်ကိုရီးယား၊ ဂျပန်ကို သွားရောက်ပြီး တရုတ်နိုင်ငံအကြောင်း ပါးစပ်ဖျားမှာ ပြောဆိုနေမှု၊ ‘တရုတ်ခြိမ်းခြောက်မှု’ဟု ရည်ရွယ်ချက်ရှိစွာ ချဲ့ကားပြောဆိုနေမှု၊ အယူဝါဒစည်းခြားပြီး ဒေသတွင်းနိုင်ငံများရဲ့ဆက်ဆံရေးကို သွေးခွဲနေမှုများက သတိထားစရာ ဖြစ်တယ်”ဟု မော်နင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို အားထားဆောင်ရွက်သွားမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးအားပြိုင်မှုများကို လုပ်ဆောင်မည်မဟုတ်သလို အခြားမည်သည့်နိုင်ငံကိုမျှ စိန်ခေါ်ခြိမ်းခြောက်လိုသောဆန္ဒမရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။ အာရှ_ပစိဖိတ်၏ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်စွာ သာယာဝပြောမှုများက ဒေသတွင်းနိုင်ငံများ အတူတကွ ကြိုးပမ်းဆောင်ရွက်ခြင်း၏အကျိုးရလဒ်ဖြစ်ကြောင်း ၊ အာရှ_ပစိဖိတ်က စစ်အေးခေတ်အတွေးအခေါ်၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများကို ကြိုဆိုမည်မဟုတ်ကြောင်း၊ နေတိုးအနေဖြင့် ဥရောပလုံခြုံရေးတွင် မည်သို့သောအခန်းကဏ္ဍတွင် ပါဝင်သလဲ ဆိုသည်ကို ပြန်လည်သုံးသပ်သင့်ရာ ဥရောပကို ရှုပ်ထွေးအောင်ပြုလုပ်ပြီးနောက် အာရှ_ပစိဖိတ်နှင့်ကမ္ဘာ့ကို ရှုပ်ထွေးအောင် ပြုလုပ်ရန် မကြိုးပမ်းသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………….

(Chinese Version)

外交部发言人:亚太不欢迎冷战思维、阵营对抗
新华社北京2月2日电(记者冯歆然、马卓言)针对北约秘书长斯托尔滕贝格在近期访问韩日期间多次发表涉华言论,外交部发言人毛宁2日在例行记者会上表示,其意图令人警惕,亚太不欢迎冷战思维、阵营对抗。
“北约秘书长访问韩国、日本,却言必称中国,刻意渲染所谓‘中国威胁’,以意识形态划线,挑拨地区国家关系,其意图令人警惕。”毛宁说。
毛宁表示,中国致力于维护世界和平稳定,不搞地缘争夺,无意挑战威胁任何国家。亚太和平合作、稳定繁荣的局面,得益于地区国家的共同努力。亚太不欢迎冷战思维、阵营对抗。北约应当深刻反思其为欧洲安全到底发挥了什么作用,不要搞乱了欧洲,还企图搞乱亚太和世界。