Connect with us

Media

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နှင်းဒဏ်ကိုခံနိုင်ရည်ရှိသော “Fuxing”ကျည်ဆန်ရထား ကောင်းမွန်စွာလည်ပတ်ပြေးဆွဲနေ

ဟေးလုံကျန်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ “Fuxing” ကျည်ဆန်ရထားသည် နွေဦးပွဲတော် ခရီးသွားကာလအတွင်း အမြင့်ဆုံးလတ္တီတွဒ်နေရာများနှင့် အအေးဆုံး အပူအချိန်များ၌ လည်ပတ်ပြေးဆွဲနေသည်။ China Railway Harbin Group ကုမ္ပဏီလီမိတက်၏ အဆိုအရ “Fuxing” CR400BF-GZ EMU ရထားသည် “Fuxing” စီးရီးတွင် မြန်ဆန်မှုအရှိဆုံး၊ နှင်းဒဏ်ခံနိုင်ရည်အရှိဆုံးနှင့် ဉာဏ်အရှိဆုံး ကျည်ဆန်ရထားတစ်စင်းဖြစ်သည်။

အဆိုပါ ရထားကို တရုတ်နိုင်ငံ မြောက်ဘက်စွန်း ဟေးလုံကျန်းပြည်နယ်တွင် ဇန်နဝါရီ ၁၆ က ပွဲဦးထွက်ပြသခဲ့သည်။
ထိုရထားကို တရုတ်နိုင်ငံတွင် သီးခြားလွတ်လပ်စွာ ဒီဇိုင်းရေးဆွဲ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲလျက်ရှိသည်။
Fuxing” ကျည်ဆန်ရထားတွင် အလိုအလျောက် ရေခဲအရည်ပျော်စေသော လုပ်ဆောင်ချက်ပါဝင်ပြီး ၎င်း၏ ပစ္စည်းကိရိယာများနှင့် အစိတ်အပိုင်းများတွင်လည်း အပူချိန်လျော့ကျမှုကို ခံနိုင်ရည်ရှိရန် ဒီဇိုင်းထုတ်လုပ်ထားကာ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်ရှိသော အလွန်အေးသည့် ပတ်ဝန်းကျင်တွင်ပင် ပုံမှန်အတိုင်း ပြေးဆွဲနိုင်သည်။

“ချွန်းယွင့်” ဟု လူသိများသော နွေဦးပွဲတော် ခရီးသွားများပြားသည့်ကာလမှာ ယခုနှစ် ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ရက်ပေါင်း ၄၀ ကြာမြင့်ကြောင်း သိရသည်။

သန်းနှင့်ချီသော တရုတ်ပြည်သူများသည် နိုင်ငံတစ်ဝန်း အရေးပါဆုံး ရိုးရာအားလပ်ရက်အတွင်း ခရီးသွားလာခဲ့ကြကာ ဇာတိရပ်မြေများတွင် ဆွေမျိုးသင်္ဂဟများနှင့် ပြန်လည်ဆုံဆည်းခြင်းနှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် အားလပ်ရက်ခရီးထွက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ (Xinhua)

……………………………………..
(English Version)
Most frost-resistant Fuxing bullet trains operate well in NE China
China’s “Fuxing” bullet trains are operating at their highest latitude and in their coldest temperatures during the Spring Festival travel rush. According to the China Railway Harbin Group Co., Ltd., the “Fuxing” CR400BF-GZ EMU is the fastest, most frost-resistant and most intelligent bullet train in the “Fuxing” series.
The train made its debut on Jan.16 in China’s northernmost Heilongjiang Province.
It was indenpendently designed and manufactured in China and has an operating speed of 350 kilometers per hour.
It has an automatic anti-freezinf function, and its materials and components have been designed to withstand low temperatures, so it can operate normally even in an extremely cold environment of minus 40 degree Celsius.
The Spring Festival travel rush, also known as “chunyun,” lasts 40 days from Jan. 7 to Feb. 15 this year.
Hundreds of millions of Chinese people joined travel rush around the nation’s most important traditional holiday, reuniting with relatives in their hometowns or taking long-waited vacations.