Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Chris Hipkins တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Chris Hipkins နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၂၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-နယူးဇီလန် ဆက်ဆံရေးသည် တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ ဆက်ဆံရေးတွင် ရေရှည် ရှေ့ပြေးနေရာ၌ တည်ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အနေဖြင့် ရှေ့ဆောင်လိုသော စိတ်ဓာတ်ကို ဆက်လက်ဖော်ဆောင်သွားရမည် ဖြစ်ပြီး တရုတ်-နယူးဇီလန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် ခိုင်မာ နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တစ်ဖက်နိုင်ငံအား ပြိုင်ဘက်မဟုတ်သော မိတ်ဖက်၊ ခြိမ်းခြောက်မှုမဟုတ်သော အခွင့်အလမ်းအဖြစ် ဆက်လက်ရှုမြင်ကာ တရုတ်-နယူးဇီလန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အခြေခံကို ခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အပြန်အလှန်လေးစားခြင်း၊ တန်းတူညီမျှဆက်ဆံခြင်း၊ ပွင့်လင်း၍အားလုံးပါဝင်မှုကို လက်ခံခြင်း၊ ကွဲလွဲမှုများကိုလက်ခံ၍ သင့်မြတ်စွာ နေထိုင်ခြင်းဖြင့် အဆင့်မြှင့်တင်ထားသော တရုတ်-နယူးဇီလန် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်နှင့် 《ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP)》ကို ကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး လွတ်လပ်မှု၊ အဆင်ပြေလွယ်ကူမှုရှိစေရန် တွန်းအားပေးဆောင်ရွက်ကာ တစ်ဖက်နိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းများ မိမိနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလည်ပတ်နိုင်ရန်အတွက် ပို၍ ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကောင်းကို ပံ့ပိုးပေးရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွား ၊ ဒေသန္တရ၊ အရပ်ဘက်စသည့်ကဏ္ဍများ၌ ပူးပေါင်းဖလှယ်ဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပြီး ခေတ်သစ် “Rewi Alley”ကဲ့သို့သောပုဂ္ဂိုလ်များကို ပျိုးထောင်ပေး၍ တရုတ်-နယူးဇီလန် ချစ်ကြည်ရေး ပို၍ပြည့်စုံကြွယ်ဝလာရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးစနစ်ကို အတူတကွ အဆိုပြုကာ ဥတုရာသီပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲအတူ ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ ထားရှိကာ ပစိဖိတ်ကျွန်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ကူညီပေးရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Chris Hipkins က ပြီးခဲ့သည့်နှစ်သည် နယူးဇီလန်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို နှစ်နိုင်ငံအတူ အတူတကွ ကျင်းပခဲ့ကြောင်း၊ ၎င်းမှာ နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးသော သမိုင်းမှတ်တိုင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယူးဇီလန်-တရုတ် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးသမိုင်းသည် ရှည်လျားရာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အခြေခံရှိကြောင်း၊ နယူးဇီလန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း ၊ ယခုအကြိမ် မိမိအနေဖြင့် ကုန်သွယ်စီးပွား ကိုယ်စားလှယ်အဖွဲ့ကြီးအား ဦးဆောင်၍ တရုတ်နိုင်ငံသို့ လာရောက်ရခြင်းမှာ ယခုအကြိမ် အလည်အပတ်ခရီးစဉ်မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမို ရှာဖွေလိုခြင်းကြောင့် ဖြစ်သလို နယူးဇီလန်-တရုတ် ဆက်ဆံရေး အဆင့်သစ်သို့ တွန်းအားပေး ဆောင်ရွက်လိုခြင်းကြောင့် ဖြစ်ကြောင်း ၊ နယူးဇီလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဝန်ထမ်းအချင်းချင်း ကူးလူးဖလှယ်မှုကို အားဖြည့်၍ နှစ်နိုင်ငံ ကုန်သွယ်စီးပွား၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍများ၌ ကူးလူးဖလှယ်မှုကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားကာ အဆင့်မြှင့်တင်ထားသော နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကို အတူတကွကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း ဝန်ကြီးချုပ် Chris Hipkins က ပြောကြားခဲ့သည်။

ကွဲလွဲမှုများဖြင့် နှစ်ဖက်ဆက်ဆံရေးကို မသတ်မှတ်သင့်ကြောင်း၊ ရိုးသားပွင့်လင်းစွာ ဖလှယ်မှု၊ အပြန်အလှန်လေးစားမှု၊ ကွဲလွဲမှုများကိုလက်ခံ၍ သင့်မြတ်စွာနေထိုင်ခြင်းက အဓိကကျသည်ဟု နယူးဇီလန်နိုင်ငံအနေဖြင့် ယူဆကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကျွန်းနိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်ရာတွင် ဆွေးနွေးညှိနှိုင်းမှုများ ထိန်းသိမ်းထားလိုကြောင်း ဝန်ကြီးချုပ် Chris Hipkins က ပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
习近平会见新西兰总理希普金斯
新华社北京6月27日电(记者杨依军)6月27日下午,国家主席习近平在人民大会堂会见来华进行正式访问的新西兰总理希普金斯。
习近平指出,中新关系长期“领跑”中国同发达国家关系。双方要继续发扬争先精神,不断巩固和深化中新全面战略伙伴关系。要继续视对方为伙伴而不是对手、是机遇而不是威胁,巩固好中新关系发展基础。要相互尊重、平等相待、开放包容、和而不同,实施好中新自由贸易协定升级版和《区域全面经济伙伴关系协定》,推进贸易和投资自由化便利化,为对方企业在本国投资经营提供更好营商环境。要加强教育、文化、旅游、地方、民间等领域交流合作,培养更多新时代的“路易•艾黎”,让中新友谊之树更加枝繁叶茂。要共同倡导真正的多边主义和自由贸易体系,携手应对气候变化等全球性挑战。双方还可以保持沟通,共同帮助太平洋岛国发展。
希普金斯表示,去年新中共同庆祝了建交50周年,这是两国关系中的重要里程碑。新中人民的友好交往历史悠久,新中关系发展有着深厚扎实基础。新方高度重视发展对华关系,我此次率庞大经贸代表团访华,就是希望通过此访探寻更多合作机遇,推动新中关系达到新的水平。新方愿同中方加强人员交往,持续扩大深化两国经贸、教育、科技、人文等领域合作,共同实施好两国自贸协定升级版。新方认为,分歧不应定义双边关系,重要的是坦诚交流、相互尊重、和而不同。新方愿同中方就帮助岛国发展问题保持沟通。
1. 6月27日下午,国家主席习近平在北京人民大会堂会见来华进行正式访问的新西兰总理希普金斯。新华社记者 申宏 摄