Connect with us

Media

လွင်တီးခေါင်မြေမှ အစိမ်းရောင် ပင်လယ် အဖြစ်သို့ ပြောင်းလဲလာသော တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကူလောင့်ခရိုင်

ကူလောင့်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ဝူဝေးမြို့ ကူလောင့်ခရိုင်သည် ဟဲရှီးစင်္ကြံ၏ အရှေ့ဘက်စွန်း၊ ထန်ကဲလီ သဲကန္တရ တောင်ဘက်စွန်းတွင် တည်ရှိ၍ နိုင်ငံတစ်ဝန်း သဲကန္တရပြောင်းလဲလာမှုအပေါ် အဓိကစောင့်ကြည့်ရသော ခရိုင်များအနက် တစ်ခုဖြစ်သည်။
ယခုနှစ်ပိုင်းများတွင် ကူလောင့်ခရိုင်သည် “တောင်ပိုင်း ရေအရင်းအမြစ် ထိန်းသိမ်းခြင်း၊ အလယ်ပိုင်း အိုအေစစ်မြေ ထိန်းသိမ်းခြင်း၊ မြောက်ပိုင်းတွင် သဲမုန်တိုင်း စီမံခန့်ခွဲခြင်း”ဟူသော ဂေဟစနစ် တည်ဆောက်ရေး နည်းလမ်းအတိုင်း ဂေဟယဉ်ကျေးမှုတည်ဆောက်ခြင်းများအား အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ်မှစ၍ ယနေ့အထိ ခရိုင်တစ်ခုလုံးတွင် သစ်တောပျိုးထောင် အစိမ်းရောင်အသွင်ပြောင်းမှု စုစုပေါင်း ၉၆၉၆၀၀ မူ(Mu) ၊ ပျိုးပင်အမျိုးမျိုး စိုက်ပျိုးသော အပင်အရေအတွက် ၁၅၂.၉ သန်း၊ ပျက်စီးယိုယွင်းနေသော မြက်ခင်းပြင်အား ပြုပြင်စီမံမှု ၆၂၁၃၀၀ မူ(Mu) ရှိခဲ့သည်။ ယနေ့ ကူလောင့်ခရိုင်သည် တောင်ပိုင်းရှိ တောင်းတန်းဒေသသည် အစိမ်းရောင်အဖြစ် ပြောင်းလဲနိုင်ခဲ့ရာ သာယာလှပသော ရှုမြင်ကွင်းများဖြင့် လွှမ်းခြုံထားပြီး အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တောင် နှစ်တောင်၌ သစ်တောစိုက်ပျိုးမှု၏ကနဦး ပမာဏမှာ ခရိုင်တစ်ခုလုံးတွင် အဆင့်လိုက် အမျိုးအစား စုံလင်လာသလို ဖွဲ့စည်းမှု၊ စနစ်တကျ ပေါင်းစပ်မှု သဟဇာတရှိသော ဂေဟဘက်စုံ ထူထောင်နိုင်သော နေရာ ဖြစ်လာခဲ့သည်။ (Xinhua)

……………………………

(Chinese Versioon)

甘肃古浪:荒山变“绿海”

甘肃省武威市古浪县位于河西走廊东端、腾格里沙漠南缘,是全国荒漠化重点监测县之一。近年来,古浪县按照“南护水源、中保绿洲、北治风沙”的生态建设方针,大力推进生态文明建设。2019年至今全县已累计完成造林绿化96.96万亩、栽植各类苗木15290万株、治理退化草原62.13万亩。如今的古浪县,南部山区绿染大地、景色秀丽,东西两山的人工造林面积初具规模,全县已建成层次多样、结构合理、点线面相结合的生态综合修复区。

新华社记者 张睿 摄

  1. 7月16日拍摄的古浪县南部山区景色。
  2. 7月16日,游客在古浪县南部山区观赏游玩。