Connect with us

Media

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုကို ကန့်သတ်လိုက်ခြင်းက ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်မည့် စိုးရိမ်မှုကို ပို၍ ဆိုးဝါးစေ

နယူးဒေလီ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပြည်တွင်း ဈေးကွက်ပံ့ပိုးမှု အာမခံချက် ရှိစေရန် ပေါင်းဆန်နှင့် ဆန်မွှေးတင်ပို့မှလွဲ၍ ကျန်ဆန်တင်ပို့မှုများကို တားမြစ်လိုက်ကြောင်း၊ ယင်းကြေညာချက်သည် ယနေ့မှစ၍ အသက်ဝင်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။ ယင်းလုပ်ဆောင်ချက်က ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်မည့် စိုးရိမ်မှုကို ပို၍ ဆိုးဝါးစေခဲ့သည်။

မုတ်သုံလေပြင်းထန်ပြီး မိုးရွာသွန်းမှုများကြောင့် လယ်ယာသီးနှံများကို ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပြီး ဆန်လက်လီဈေးနှုန်းသည် တစ်လအတွင်း ၃ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းကြောင့် ဆန်တင်ပို့မှုကို ကန့်သတ်ရန် အစိုးရအနေဖြင့် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ စားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ ဖြန့်ဖြူးရေး ဝန်ကြီးဌာနက ယင်းနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဘီနင်၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ် စသည့် အာဖရိကနိုင်ငံများတွင် အိန္ဒိယဆန်တင်ပို့မှုကန့်သတ်ချက်၏ သက်ရောက်မှုကို ဆိုးရွားစွာ ခံစားနေရကြောင်း အိန္ဒိယနိုင်ငံ ဆန်တင်ပို့မှုဆိုင်ရာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Krishna Raoက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် အဓိက ဆန်တင်ပို့နေသည့် နိုင်ငံ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှု ပမာဏ စုစုပေါင်း တန်ချိန် ၂၂ သန်း ရှိရာ ကမ္ဘာ့ဆန်တင်ပို့မှုပမာဏ၏ ၄၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ယခုအကြိမ် ဆန်တင်ပို့မှု တားမြစ်လိုက်ခြင်းက ဆန်တင်ပို့မှုပမာဏ တန်ချိန် ၁၀ သန်းခန့်ကို သက်ရောက်မှုရှိနိုင်ကြောင်း သိရသည်။ ယခုနှစ် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းသည် ၁၁ နှစ်တာကာလ အမြင့်ဆုံးစံချိန်နီးပါးတွင် ရှိနေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ ဇူလိုင်လဆန်း၌ ထုတ်ပြန်သော ဆန်ဈေးနှုန်းညွှန်းကိန်းများတွင် ဖော်ပြထားသည်။ (Xinhua)

……………………………
(Chinese Version)
印度大米出口限制加剧全球食品通胀担忧
新华社新德里7月21日电印度政府20日宣布,为保障国内市场供应,印度将禁止除蒸谷米和印度香米外的大米出口,即日生效。此举引发市场对全球食品通胀进一步加剧的担忧。
印度消费者事务、食品和公共分配部当天发布公告说,强季风降雨对农作物造成严重损害,在大米零售价格一个月内上涨3%后,政府决定实施限制大米出口。
印度大米出口商协会主席克里希纳•拉奥表示,贝宁、塞内加尔、科特迪瓦等非洲国家受印度大米出口限制影响尤为严重。
印度是世界重要大米出口国,2022年印度大米出口总量约2200万吨,占世界大米出口量40%以上,受本次出口禁令影响的大米出口量约1000万吨。受今年厄尔尼诺现象影响,联合国粮食及农业组织7月初发布的大米价格指数显示,全球大米价格徘徊在11年来高点附近。(完)