Connect with us

Media

တရုတ်-အမေရိကန် ရာသီဥတုရေးရာဆွေးနွေးပွဲ ပေကျင်းမြို့တွင် ကျင်းပ

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပေကျင်းမြို့တွင် ရာသီဥတုပြောင်းလဲခြင်းကို ကိုင်တွယ်ဆောင်ရွက်ရေး ဆွေးနွေးပွဲများအား ပေကျင်းမြို့၌ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရာသီဥတုပြောင်းလဲမှုရေးရာ အထူးသံတမန် ရှဲ့ကျိန့်ဟွာနှင့် အမေရိကန်နိုင်ငံ ရာသီဥတုရေးရာ အထူးသံတမန် ဂျွန်ကယ်ရီတို့သည် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များက အင်ဒိုနီးရှားနိုင်ငံ ဘာလီအစည်းအဝေး၌ ရရှိခဲ့သော သဘောတူညီချက်များအား အကောင်အထည်ဖော်ခြင်းအပြင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးတွဲကိုင်တွယ်ဖြေရှင်းခြင်းအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းက လူသားမျိုးနွယ် ရင်ဆိုင်ကြုံတွေ့နေရသော ဘုံစိန်ခေါ်မှုဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန် နှစ်နိုင်ငံအတူတကွ ဆောင်ရွက်ရန် ကြီးမားသော အရေးပါမှုဖြစ်ကြောင်း နှစ်နိုင်ငံက သဘောတူခဲ့ကြသည်။
ရာသီဥတုရေးရာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး တရုတ်-အမေရိကန် ပူးတွဲကြေညာချက်နှင့် ၂၀၂၀ ပြည့်လွန်နှစ်များတွင် ရာသီဥတုအရေးလှုပ်ရှားမှုမြှင့်တင်မှု တရုတ်-အမေရိကန် Glasgow ပူးတွဲကြေညာချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ပွင့်လင်း၊ နက်ရှိုင်း၍ အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ကျင်းပခဲ့ကြသည်။နှစ်နိုင်ငံတို့သည် ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ အနီးကပ်ဆက်ဆံရေးကို ထိန်းထားရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-U.S. climate dialogue held in Beijing
BEIJING, July 20 (Xinhua) — China and the United States have held dialogues on addressing climate change in Beijing, the Ministry of Ecology and Environment said Thursday.
China’s special envoy for climate change Xie Zhenhua and his U.S. counterpart John Kerry met in Beijing, exchanging views on implementing the consensus reached by the two heads of state at their meeting in Bali, Indonesia, as well as jointly addressing climate change.
The two sides agreed that climate change is a common challenge facing the mankind, and it is of great significance for the two countries to work together to address this challenge.
Candid, in-depth and constructive dialogues on implementing the China-U.S. Joint Statement Addressing the Climate Crisis and the China-U.S. Joint Glasgow Declaration on Enhancing Climate Action in the 2020s were held by the two sides.
The two sides agreed to maintain close communications on climate change.