Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အလည်အပတ် ခရီးစဉ် သွားရောက်မည်

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အလည်အပတ်ခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခုနှစ်သည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်၏ ၁၀ နှစ်ပြည့် အချိန်အခါ ဖြစ်ရာ အရှေ့တောင်အာရှ နိုင်ငံများသည် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်ကို လက်တွေ့ဖော်ဆောင်ရာတွင် ရှေ့တန်း၌ တည်ရှိသလို တရုတ်နိုင်ငံနှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်သည့် အရေးကြီးမိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ တရုတ်နိုင်ငံသည် စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား သုံးနိုင်ငံနှင့်ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အရှိန်အဟုန်ကို ထိန်းထားနိုင်ကြောင်း၊ တရုတ်-စင်ကာပူသည် ဘက်ပေါင်းစုံ အရည်အသွေးမြင့်မားမှုသို့ ရှေးရှုရာ မိတ်ဖက်ဆက်ဆံရေးကို လည်းကောင်း၊ တရုတ်-မလေးရှားသည် အေးအတူ ပူအမျှ အသိုက်အဝန်း အတူလက်တွဲတည်ဆောက်ရေး သဘောတူညီချက်များကို လည်းကောင်း ရရှိပြီး ဖြစ်သလို တရုတ်-ကမ္ဘောဒီးယားသည် အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံချိန်မြင့် ခေတ်သစ် တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်းကို တက်ကြွစွာ တည်ဆောက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ယခုခရီးစဉ်မှတစ်ဆင့် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ သုံးနိုင်ငံနှင့် မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုများကို တိုးမြှင့်ရန်၊ တရုတ်-စင်ကာပူ ဆက်ဆံရေး အသွင်အပြင်သစ်ကို ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ တရုတ်-မလေးရှားနှင့် တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို ပိုမိုနက်ရှိုင်းစွာ အကောင်အထည်ဖော်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန်၊ နှစ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ကဏ္ဍသစ်သို့ လျှောက်လှမ်းရေး တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အဆိုပါ သုံးနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)များကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ စီးပွားရေးပြန်လည်ရှင်သန်ရန် မြှင့်တင်ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့်အေးချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ဒေသနှင့်ကမ္ဘာ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ကြီးမားသော အကျိုးကို ဆောင်ကြဉ်းပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
外交部发言人就王毅将访问新加坡、马来西亚和柬埔寨答记者问
新华社北京8月9日电外交部发言人9日就中共中央政治局委员、外交部长王毅将访问新加坡、马来西亚和柬埔寨答记者问。
发言人说,今年是习近平主席提出构建人类命运共同体理念和“一带一路”倡议10周年,东南亚国家一直走在践行人类命运共同体理念的前列,是中国共建“一带一路”合作重要伙伴。当前,中国同新加坡、马来西亚和柬埔寨三国关系保持良好发展势头。中新建立了全方位高质量的前瞻性伙伴关系,中马就共建命运共同体达成共识,中柬正积极构建高质量、高水平、高标准的新时代中柬命运共同体。
发言人表示,中方期待通过此访,同东南亚三国加强战略沟通,落实好中新关系新定位,推进中马、中柬命运共同体建设走深走实,深化高质量共建“一带一路”合作,推动双边关系不断迈上新台阶。中方还愿同三国共同推动全球发展倡议、全球安全倡议和全球文明倡议落地,促进经济复苏,维护和平安宁,深化交流互鉴,为地区乃至世界的和平稳定与发展繁荣作出更大贡献。(完)