Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ တို့ အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ပရီတိုးရီးယား၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ (Cyril Ramaphosa) နှင့်အတူ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းက ပရီတိုးရီးယားမြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ ၏ ဖိတ်ကြားမှုဖြင့် “သက်တံ နိုင်ငံ(Rainbow Nation)” တောင်အာဖရိကသို့ နိုင်ငံတော်ခရီးစဉ် ထပ်မံလာရောက်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်သည် မိမိအနေဖြင့် တရုတ်နိုင်ငံ သမ္မတအဖြစ် တောင်အာဖရိကသို့ လာရောက်သော စတုတ္ထအကြိမ်မြောက် နိုင်ငံတော်ခရီးစဉ်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-တောင်အာဖရိက သံတမန်ဆက်ဆံရေး ထူထောင်သည့် ၂၅ နှစ်ပြည့်ဖြစ်ကြောင်း၊ ၂၅ နှစ်ကြာ ကာလတွင် တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီး မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု အဆင့်သစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံတွန်းအားပေး ဆောင်ရွက်ခဲ့ရာတွင် ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ပို၍ နီးကပ်မှု ရှိလာခဲ့ကြောင်း၊ တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေး အတိုင်းအတာကို များစွာ ကျော်လွန်ခဲ့ပြီး မဟာဗျူဟာအနက်အဓိပ္ပါယ်နှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု ပိုရှိလာခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများအား စည်းလုံးညီညွတ်စွာ ဦးဆောင်၍ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုဖြင့် တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံတွန်းအားပေး ဆောင်ရွက်လျက်ရှိသလို တောင်အာဖရိကနိုင်ငံသည်လည်း မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို တက်ကြွစွာ ကိုယ်တိုင်ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များနှင့် ကြုံတွေ့ရကြောင်း၊ မကြာသေးမီက မိမိနှင့် သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ အတူ ရလဒ် များစွာ ရှိသည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ရာတွင် ခေတ်သစ် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ရာ အရေးပါသောသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးမှုကို မိမိတို့အတူ သက်သေပြုခဲ့ကြောင်း ၊ မိမိအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အနာဂတ်အလားအလာအပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ က တောင်အာဖရိက-တရုတ် သံတမန် ဆက်ဆံရေး ထူထောင်သည့် ၂၅ နှစ်ပြည့်အခါသမယတွင် သမ္မတ ရှီကျင့်ဖိန် တောင်အာဖရိကနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် နိုင်ငံတော်အလည်အပတ်ခရီးစဉ် လာရောက်ခြင်းကို ကြိုဆိုဧည့်ခံရသည့်အတွက် အထူး ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိက၏ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖိုးတန်သည့် ထောက်ခံအားပေးခြင်း၊ တောင်အာဖရိက၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးခြင်းအပေါ် တောင်အာဖရိက ပြည်သူများက တရုတ်အစိုးရနှင့်ပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ဆိုင်ရယ်လ် ရာမာဖိုဆာ က ပြောကြားခဲ့သည်။

ဆိုင်ရယ်လ် ရာမာဖိုဆာ က အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုကြသည့် ကိစ္စရပ်များတွင် ဆက်လက်၍ ခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေးသွားမည် ဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ထပ်လောင်း ပြောကြားလိုကြောင်း၊ နှစ်ဖက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်များကို နက်ရှိုင်းအောင် ဆောင်ရွက်သွားရန် ၊ အခြေခံအဆောက်အအုံ၊ ခရီးသွား၊ ပညာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ကဏ္ဍများ၌ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး တိုးချဲ့ဆောင်ရွက်သွားကြရန်၊ အရေးကြီး နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များ၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရန် မိမိတို့အတူ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
习近平同南非总统拉马福萨共同会见记者
新华社比勒陀利亚8月22日电(记者应强 韩墨)当地时间8月22日中午,国家主席习近平在比勒陀利亚总统府同南非总统拉马福萨会谈后共同会见记者。
习近平指出,很高兴应拉马福萨总统邀请,再次对美丽的“彩虹之国”南非进行国事访问。这是我作为中国国家主席对南非进行的第四次国事访问。今年是中南建交25周年。25年来,中南关系实现跨越式发展,战略互信达到新高度,各领域合作全面推进,多边协作更加紧密。中南关系远远超越双边范畴,越来越具有战略意义和全球性影响。
当前,中国共产党正团结带领中国人民以中国式现代化全面推进中华民族伟大复兴,南非也在积极自主探索符合本国国情的发展道路。中南关系面临新的发展机遇。刚才,我同拉马福萨总统举行了富有成果的会谈,就新时代两国关系发展以及共同关心的国际和地区问题交换了意见,达成重要共识。我们见证了一系列重要双边合作文件签署。我对两国友好合作关系前景充满信心。

拉马福萨表示,很高兴在南中建交25周年之际接待习近平主席对南非进行第四次国事访问。南非人民衷心感谢中国政府和人民为南非反种族隔离斗争、国家发展事业提供宝贵支持,并为南非抗击新冠疫情提供大量医疗物资援助。我同习近平主席重申,将继续在彼此核心利益和重大关切问题上坚定相互支持。我们都同意,将深化双边贸易投资合作,进一步扩大基础设施、旅游、教育、数字经济等领域互利合作,就重大国际地区问题加强国际协作。