Connect with us

Media

ဂျပန်နိုင်ငံက ပြည်တွင်း/ပြည်ပတွင် ဆန့်ကျင်နေသည့်ကြားမှ ဖူကူရှီးမားနျူကလီးယားရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်မှု စတင်

တိုကျို ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံက အကြီးအကျယ်ထိခိုက်ပျက်စီးခံထားရသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစွမ်းအင်ရုံမှ နျူကလီးယား ညစ်ညမ်းရေများအား ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်မှုကို ဩဂုတ် ၂၄ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများ နှင့် ပစိဖိတ်ကျွန်းနိုင်ငံများသာမက ဒေသခံရေလုပ်ငန်းသမားများက စိုးရိမ်ပူပန်မှုများနှင့်ဆန့်ကျင်မှုများ ရှိနေချိန်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင် (ဂရင်းနစ်စံတော်ချိန် ၀၄၀၀)တွင် ရေစွန့်ထုတ်မှု စတင်ခဲ့ကြောင်း စက်ရုံအား လည်ပတ်သည့်ကုမ္ပဏီ Tokyo Electric Power Company (TEPCO) ထံမှ သိရသည်။

ပထမအကြိမ် ရေဒီယိုသတ္တိကြွရေဆိုး တန်ချိန် ၇,၈၀၀ စွန့်ထုတ်မှုအား ၁၇ ရက်ကြာ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း TEPCO ထံမှ သိရသည်။ (Xinhua)

…………………………..
(English Version)
Japan starts releasing Fukushima nuclear-contaminated water into ocean despite opposition at home, abroad
Japan started releasing nuclear-contaminated wastewater from the crippled Fukushima Daiichi Nuclear Power Plant into the Pacific Ocean on Thursday.
According to Tokyo Electric Power Company (TEPCO), the plant’s operator, the water discharge commenced at around 1:00 p.m. local time (0400 GMT), while concerns and opposition persisting among local fishermen as well as in neighboring countries and Pacific island countries.
TEPCO said it plans to carry out the first round of release over 17 days to discharge 7,800 tons of the radioactive wastewater.
Xinhua News Agency correspondents reporting from Tokyo.(XHTV)