Connect with us

Media

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်က မြင့်မားလှသော ဟွားကျန်းလျှိုမြောင် တံတားကြီး၏ တည်ဆောက်မှုများ

ကွေ့ယန်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

နွေရာသီကာလတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် အန်ရွှံ့မြို့ ကွမ်းလျင် ပုရီး လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင်နှင့် ယင်းပြည်နယ် အနောက်တောင်ပိုင်းရှိ ပုရီး လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန်းဖုန်းခရိုင်စပ်ကြား စိမ်းလန်းစိုပြေလျက်ရှိသည်။

နိမ့်ချည်မြင့်ချည် ကွေ့ကောက်နေသည့် တောင်တန်းများကြားတွင် ဟွားကျန်းလျှိုမြောင် တံတားကြီးကို စနစ်တကျ တွန်းအားပေး တည်ဆောက်လျက်ရှိသည်။

ဟွားကျန်း လျှိုမြောင် တံတားကြီးသည် ကွေ့ကျိုးပြည်နယ် လျို့အန်း အမြန်လမ်းရှိ အဓိကကျသော ဆောက်လုပ်ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက ပင်မတံတား မျက်နှာပြင်မှ လျှိုမြောင်အောက် ပေဖန်ကျန်းမြစ်၏ အကွာအဝေးသည် ၆၂၅ မီတာ ရှိမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၀၂၅ နှစ်တွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ဟွားကျန်းလျှိုမြောင်တံတားကြီး တည်ဆောက်ပြီးစီးပါက ယင်းတံတားကြီးသည် ဟန်ကျိုး-ရွှေလီ မြန်နှုန်းမြင့်လမ်းရှိ ပေဖန်ကျန်းမြစ်ကူးတံတားကြီး၏ အမြင့်ကို ကျော်လွန်၍ ကမ္ဘာ့ အမြင့်ဆုံး တံတားကြီး ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဂေဟစနစ်ပေါင်းစည်းမှု၊ ခရီးသွားကဏ္ဍ၏ပါဝင်မှု များကို ဟွားကျန်း လျှိုမြောင်တံတားကြီး တည်ဆောက်မှု စီမံကိန်းတစ်ခုလုံးတွင် ခိုင်မာစွာဆောင်ရွက်လျက်ရှိသည်။ မိုးပျံတံတားပေါင်း များစွာ တည်ရှိသော တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ပြည်တွင်းပြည်ပ ခရီးသွားများကို တောင်တန်းဒေသ လမ်းပန်းဆက်သွယ်ရေး၏ပြောင်းလဲမှုကြီးအား အပြည့်အဝ ပြသနိုင်ရန် တစ်မူထူးခြားမှုရှိသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလမ်းစဉ်ကို ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
ဟွားကျန်းလျှိုမြောင်တံတားကြီးသည် ကွေ့ကျိုးပြည်နယ်၏ တံတားနှင့်ခရီးသွားကဏ္ဍပေါင်းစည်းမှု ပြယုဂ် စီမံကိန်းအနေဖြင့် တံတားရှုခင်းရှုစားခြင်းနှင့် ကောင်းကင်ယံ စွန့်စားခြင်းများ ပြုလုပ်နိုင်ရန် “တံတားနှင့်ခရီးသွား ပေါင်းစည်းရေး”ဘက်စုံ ပါဝင်လာမည်ဖြစ်ပြီး ဒေသ၏ခရီးသွားစီးပွားရေး တိုးတက်မှုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………….
(Chinese Version)
四季中国|向上登攀 花江峡谷大桥的夏日奋进
盛夏时节,在贵州省安顺市关岭布依族苗族自治县和黔西南布依族苗族自治州贞丰县的交界处,草木苍翠。峰峦蜿蜒之间,花江峡谷大桥正在紧张有序建设中。花江峡谷大桥是贵州省六安高速公路的关键控制性工程,建成后主桥桥面与谷底的北盘江距离达625米,预计2025年竣工。花江峡谷大桥建成以后,将超越杭瑞高速公路上的北盘江大桥,成为世界第一高桥。
花江峡谷大桥坚持把环境保护、生态融合、旅游融合贯穿项目建设全过程。万桥飞架的贵州,正在探索一条独特的旅游产业发展之路,向国内外游客充分展现山区交通的巨变。花江峡谷大桥作为贵州省桥旅融合示范性项目工程,将成为集桥梁观光与高空探险的“桥旅融合”多功能综合体,带动当地旅游经济发展。新华社记者 陶亮 摄
1.正在修建中的花江峡谷大桥5号主塔(8月3日摄,无人机照片)。
2.矗立在花江大峡谷两岸的花江峡谷大桥主塔(8月3日摄,无人机照片.