Connect with us

Media

နိုင်ဂျာ အာဏာသိမ်းစစ်တပ်က လေပိုင်နက်ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ

အဘူဂျာ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ၏ လေပိုင်နက်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း နိုင်ဂျာ အာဏာသိမ်း စစ်တပ်က ဩဂုတ်လ ၆ ရက် ညပိုင်းတွင် ကြေညာခဲ့ကြောင်း နီယာမေး သတင်းများအရ သိရသည်။
အိမ်နီးချင်းနိုင်ငံများ၏ စစ်ရေးစွက်ဖက်ဖွယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် နိုင်ဂျာနိုင်ငံ၏ လေပိုက်နက်ကို ယနေ့မှစ၍ ပိတ်ထားလိုက်ပြီ ဖြစ်ရာ ဤတားမြစ်မိန့်ကို ချိုးဖောက်ရန် ကြိုးပမ်းမှုမှန်သမျှကို “အချိန်နှင့်တစ်ပြေးညီ အားကောင်းစွာ တုန့်ပြန်သွားမည်”ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၃၀ ရက်က ECOWAS ခေါင်းဆောင်များသည် နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာတွင် အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ဂျာနိုင်ငံ သမ္မတ Mohamed Bazoumကို ချက်ချင်း ပြန်လွှတ်ပေး၍ ၎င်း၏သမ္မတ အာဏာကို ပြန်လည်အပ်နှင်းရန် နိုင်ဂျာစစ်တပ်ကို တောင်းဆိုခဲ့သည်။ သက်ဆိုင်ရာတောင်းဆိုချက်များ တစ်ပတ်အတွင်း မဆောင်ရွက်နိုင်ပါက နိုင်ဂျာဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် အသက်ဝင်လာရေး ECOWAS အနေဖြင့် စစ်ရေးစွက်ဖက်မှုအပါအဝင် နည်းလမ်းအလုံးစုံသုံး ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အစည်းအဝေးတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက်တွင် နိုင်ဂျာသမ္မတအစောင့်တပ်ဖွဲ့က သမ္မတ Mohamed Bazoum ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အချင်းဖြစ်ပွားသည့်ညနှောင်းပိုင်းတွင် အမိမြေကာကွယ်ရေး အမျိုးသားကော်မတီ ဖွဲ့စည်းကြောင်း၊ Mohamed Bazoum၏ သမ္မတ ရာထူးတာဝန်ကို ဖျက်သိမ်းကြောင်း နှင့် နယ်စပ်ပိတ်လိုက်ကြောင်း အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်က ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ ဩဂုတ် ၁ ရက်တွင် အယ်လ်ဂျီးရီးယား၊ ဘာကီးနားဖာဆို၊ လစ်ဗျား၊ မာလီနှင့် ချဒ် နိုင်ငံ ၅ နိုင်ငံ၏ ကုန်းကြောင်းနှင့်လေကြောင်းနယ်စပ်များအား ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
尼日尔政变军人宣布关闭领空
新华社阿比让8月6日电(记者郑扬子)尼亚美消息:尼日尔政变军人6日晚发表声明,宣布关闭该国领空。
声明说,面对来自邻国的军事干预威胁,尼日尔即日起关闭领空,所有违反此项禁令的企图都将遭到“及时且有力的回应”。
西非国家经济共同体(西共体)领导人7月30日在尼日利亚首都阿布贾召开紧急会议,要求参与政变的尼日尔军人释放遭扣押的尼日尔总统巴祖姆并恢复其职权,相关要求如在一周内得不到满足,西共体将采取包括军事干预在内的一切措施,确保恢复尼日尔宪法秩序。
7月26日,尼日尔总统卫队部分军人扣押巴祖姆。当天深夜,政变军人代表发表电视声明宣布成立保卫祖国国家委员会,解除巴祖姆总统职权,关闭国家边境。政变军人曾于8月1日宣布重开与阿尔及利亚、布基纳法索、利比亚、马里和乍得五国的陆地和空中边界。
1.  这是7月28日的尼日尔首都尼亚美街头。新华社发