Connect with us

Media

တရုတ်နိုင်ငံက “Two Countries, Twin Parks” စီမံကိန်းအရ အင်ဒိုနီးရှားမှ တင်ပို့မှု ပထမအသုတ် လက်ခံရရှိ

ရှမန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံမှ အေးခဲပုစွန် တန်ချိန် ၁,၆၀၀ ကျော် သယ်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် မြို့တော် ဖူကျိုးမြို့ရှိ ဆိပ်ကမ်းသို့ ဩဂုတ် ၇ ရက်တွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့က “Two Countries, Twin Parks” အထင်ကရစီမံကိန်း ပူးတွဲတည်ဆောက်မှု မြင့်တင်ရန် သဘောတူခဲ့ချိန်မှစ၍ တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံမှ ပထမဆုံးတင်ပို့မှုအား လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းစီမံကိန်းမှာ နိုင်ငံတကာ စားသောက်ကုန်လုပ်ငန်းကွင်းဆက် နှင့် ထောက်ပံ့ရေးကွင်းဆက်အား ဗဟိုပြုသည့် ပူးပေါင်းဆောင်ရွက်မှု စင်္ကြံတည်ဆောက်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China receives 1st batch of Indonesian exports under “Two Countries, Twin Parks” project
A vessel taking more than 1,600 tonnes of frozen prawns from Indonesia arrived Monday at a port in Fuzhou, the capital of east China’s Fujian Province.
This is the first batch of exports China received from Indonesia since the two countries agreed to promote the joint construction of the flagship project of “Two Countries, Twin Parks” which aims to build a cooperation platform centered on the international food industry chain and supply chain.
Xinhua News Agency correspondents reporting from Xiamen, China.(XHTV)