Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ်ရောက်ရှိလာသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က ဟွန်မန်နက်အနေဖြင့် ဝန်ကြီးချုပ် ရာထူးတာဝန် ထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းမှာ ကမ္ဘောဒီးယားနိုင်ငံ အစိုးရသစ်၏ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်အပေါ် အထူးအလေးထားမှုကို အပြည့်အဝ ဖော်ပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံသည် အမာခံ မိတ်ဆွေများ ဖြစ်ကြကြောင်း၊ သံတမန်ဆက်ဆံရေး တည်ထောင်ပြီးသည့် ၆၅ နှစ်ကြာကာလတွင် နှစ်နိုင်ငံအနေဖြင့် အစဉ်အမြဲ အပြန်အလှန် ယုံကြည်မှု မြင့်မားခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်းရှိကြသလို နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းမှုများတွင် တစ်ဖက်နှင့်တစ်ဖက် အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးခဲ့ကြကြောင်း ၊ ၎င်းမှာ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း၏ ဗဟိုအနက်အဓိပ္ပါယ်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် နှစ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံချိန်မြင့် တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ပို၍ နက်ရှိုင်းစွာ ဖော်ဆောင်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း၏ စံနမူနာအဖြစ် လက်တွဲအတူ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က တရုတ်နိုင်ငံကို မိမိ ပထမဆုံး တရားဝင် လာရောက် လည်ပတ်ရခြင်းမှာ ကမ္ဘောဒီးယားနိုင်ငံ အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေး မူဝါဒကို ဆက်လက် ခိုင်မာစွာ ကျင့်သုံးသွားမည်၊ ကမ္ဘောဒီးယား – တရုတ် အမာခံ ချစ်ကြည်ရေးကို တစ်ဆင့်တိုး တောက်ပအောင် ဆောင်ရွက်သွားမည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းသွားမည် ဖြစ်သလို တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ဗဟိုအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းမှုကို ခိုင်မာစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) ကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရေရှည် အင်တိုက်အားတိုက် ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိပြီးသော အရေးကြီး သဘောတူညီချက်များကို ဖော်ဆောင်သွားလိုကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင်၊ “Diamond Hexagon” မူဘောင်အောက်တွင် နှစ်နိုင်ငံ စက်မှု၊ လယ်ယာ၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်ထပ်မံ တိုးတက်အောင် ဆောင်ရွက်ပြီး ကမ္ဘောဒီးယား-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်၍ နှစ်နိုင်ငံပြည်သူများအတွက် ပို၍အကျိုးဆောင်သွားလိုကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဒေသတွင်းနှင့်နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားပြီး ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
习近平会见柬埔寨首相洪玛奈
新华社北京9月15日电(记者郑明达)9月15日上午,国家主席习近平在人民大会堂会见来华进行正式访问的柬埔寨首相洪玛奈。
习近平指出,洪玛奈首相就任后选择中国作为第一个进行双边访问的国家,充分体现了柬埔寨新一届政府对巩固和发展中柬友好的高度重视。中国和柬埔寨是铁杆朋友。建交65年来,双方始终高度互信、平等相待、互利双赢,始终坚定支持对方维护国家主权、安全、发展利益,这是中柬命运共同体的核心要义。今年,双方开启建设高质量、高水平、高标准中柬命运共同体的新时代。中方愿同柬方一道,推动中柬命运共同体建设走深走实,携手打造构建人类命运共同体的典范。

洪玛奈表示,我把中国作为首个正式出访的国家,就是为了体现柬新一届政府将继续坚定奉行对华友好政策,将柬中铁杆友谊进一步发扬光大。柬方恪守一个中国原则,坚定支持中方维护自身核心利益,支持习近平主席提出的全球发展倡议、全球安全倡议、全球文明倡议。柬方感谢中方长期以来为柬经济社会发展提供的大力支持和帮助,愿同中方落实两国领导人达成的重要共识,深化共建“一带一路”合作,在“钻石六边”框架下推动两国工业、农业、投资、人文等领域合作进一步发展,打造柬中命运共同体,更好造福两国人民。柬方愿同中方在地区和国际事务中密切配合,把柬中关系推向新高度。