Connect with us

Media

ဂျပန်နိုင်ငံက ပင်လယ်အတွင်းသို့ နျူကလီးယားရေဆိုး စွန့်ထုတ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်ဟု တရုတ်သံအမတ်ကြီးက လူ့အခွင့်အရေးကောင်စီတွင် ပြစ်တင်ရှုတ်ချ

ဂျီနီဗာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဖူကူရှီးမား နျူကလီးယားရေးဆိုးများကို ဂျပန်အစိုးရက တစ်ဖက်သတ် ခေါင်းမာစွာ ပင်လယ်အတွင်းသို့ စွန့်ထုတ်ခြင်းသည် ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်းနိုင်ငံများကိုသာမက ကမ္ဘာတစ်ဝန်းပြည်သူများ၏ ကျန်းမာစွာ နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပတ်ဝန်းကျင် အခွင့်အရေးကို ဆိုးဝါးစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ် ချန်ရွှိက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် စက်တင်ဘာ ၁၄ ရက်က ကျင်းပသည့် လုံခြုံဘေးကင်းသောသောက်သုံးရေနှင့် ကျန်းမာရေး လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်း၏ မှန်ကန်မှု၊ တရားဝင်မှု၊ လုံခြုံမှုအပေါ် နိုင်ငံတကာ အသိုက်အဝန်းက သံသယရှိသလို ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများ၏ ပြည်သူများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြကြောင်း ချန်ရွှိက ပြောကြားခဲ့သည်။ အကယ်၍ ဖူကူရှီးမား နျူကလီးယား ရေဆိုးများသည် လုံခြုံဘေးကင်းပါက ပင်လယ်အတွင်းသို့ စွန့်ထုတ်ရန် မလိုအပ်သလို အကယ်၍ ဘေးကင်းလုံခြုံမှုမရှိဟုဆိုပါက ပင်လယ်အတွင်းသို့ ပို၍ပင် မစွန့်ထုတ်သင့်ကြောင်း ၊ ဤကိစ္စရပ်အပေါ် လူ့အခွင့်အရေး ကောင်စီက ပို၍ အာရုံစိုက်ရန်၊ ပင်လယ်အတွင်းသို့ ရေဆိုးစွန့်ထုတ်မှုကို ဂျပန်နိုင်ငံအနေဖြင့် ချက်ချင်း ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ချန်ရွှိက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
中国大使在人权理事会谴责日本向海洋排放核污染水侵犯人权
新华社日内瓦9月14日电中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭大使14日在联合国人权理事会与享有安全饮用水和卫生设施人权问题特别报告员互动对话时发言,指出日本政府单方面强行启动福岛核污染水排海,严重侵犯太平洋沿岸国家乃至全球人民的健康权、发展权和环境权。其正当性、合法性、安全性一直受到国际社会质疑,并遭到日本、韩国等国民众强烈反对。
陈旭指出,如果福岛核污染水是安全的,就没有必要排海;如果不安全,就更不应该排海。中方呼吁人权理事会对这一问题加大关注,敦促日方立即停止排海行为。