Connect with us

International Organizations

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးလူနာပေါင်း ၅ သန်းကျော် ရှိလာကြောင်း WHO ပြောကြား

ဂျီနီဗာ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးလူနာအရေအတွက်သည် ၅ သန်းကျော်လွန်သွားခဲ့ပြီး နိုဝင်ဘာ ၂ ရက်အထိ ၅,၀၀၄,၈၅၅ ဦးထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ကမ္ဘာအနှံ့ ဗဟိုဥရောပစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်(ဂရင်းနစ်စံတော်ချိန် ၁၆၄၀)အထိ သေဆုံးသူ ၅,၀၀၄,၈၅၅ ဦးအပါအဝင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၂၄၆,၉၅၁,၂၇၄ ဦး ရှိကြောင်း WHO သို့ ပေးပို့ထားသော အချက်အလက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ National Mall တွင် COVID-19 ရောဂါကြောင့် သေဆုံးသွားသူများအား ဂုဏ်ပြုသည့် အလံဖြူများစိုက်ထူထားသည်ကို အောက်တိုဘာ ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အတည်ပြုလူနာ ၄၅ ဒသမ ၆၈ သန်းနီးပါး ၊ သေဆုံးသူ ၇၄၀,၃၆၆ ဦး နှင့်အတူ အတည်ပြုလူနာ နှင့် သေဆုံးသူ အရေအတွက် အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး ကမ္ဘာ့စုစုပေါင်း ဖြစ်ပွားမှု၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်း နှင့် သေဆုံးမှု၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဘတ်စ်ကားစီးရန် စောင့်ဆိုင်းနေသူများအား ဩဂုတ် ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ထိုနောက်တွင် အိန္ဒိယနိုင်ငံ နှင့် ဘရာဇီးနိုင်ငံတို့သည် ဒုတိယနှင့်တတိယ အများဆုံးနိုင်ငံများအဖြစ် ရပ်တည်နေပြီး အတည်ပြုလူနာမှာ ၃၄ ဒသမ ၂၉ သန်း ကျော်နှင့် ၂၁ ဒသမ ၈၁ သန်း အသီးသီး ရှိကာ သေဆုံးသူ အရေအတွက်မှာလည်း ၄၅၈,၈၈၀ ဦး နှင့် ၆၀၇,၈၂၄ ဦး ရှိသည်။အဆိုပါသုံးနိုင်ငံပေါင်း အရေအတွက်သည် ကမ္ဘာအနှံ့အတည်ပြုလူနာအားလုံး၏ ၄၁ ရာခိုင်နှုန်းကျော် နှင့် သေဆုံးသူအားလုံး၏ ၃၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

WHO ဒေသဆိုင်ရာရုံးများ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ နှင့် ဥရောပသည် ယခုထိ အတည်ပြုလူနာ ၉၃,၇၁၁,၇၀၀ ဦး နှင့် ၇၇,၂၃၁,၈၈၃ ဦး ရှိပြီး သေဆုံးသူမှာ ၂,၂၉၆,၁၁၄ ဦး နှင့် ၁,၄၃၂,၂၂၄ ဦး အသီးသီးရှိသည်။အဆိုပါ နှစ်နိုင်ငံပေါင်း အရေအတွက်သည် ကမ္ဘာ့အတည်ပြုလူနာ၏ ၇၀ ရာခိုင်နှုန်းနီးပါး နှင့် သေဆုံးမှု၏ ၇၄ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)
Global COVID-19 death toll tops 5 mln: WHO

GENEVA, Nov. 2 (Xinhua) — The worldwide death toll inflicted by the ongoing COVID-19 pandemic has surpassed five million, reaching 5,004,855 as of Tuesday, according to the latest data from the World Health Organization (WHO).

Globally, as of 5:40 p.m. CET (1640 GMT), there have been 246,951,274 confirmed COVID-19 cases, including 5,004,855 deaths, reported to the WHO, the data showed.
The United States has the highest cumulative number of confirmed cases and deaths, with almost 45.68 million cases and 740,366 deaths, accounting for nearly 18.5 percent and 14.8 percent respectively of the world’s totals.

It is followed by India and Brazil, which have recorded confirmed cases exceeding 34.29 million and 21.81 million respectively, as well as 458,880 and 607,824 deaths. The three countries combined have accounted for more than 41 percent of all the confirmed cases and about 36 percent of all deaths worldwide.

In terms of WHO regional offices, the Americas and Europe have so far reported 93,711,700 and 77,231,883 confirmed cases, and 2,296,114 and 1,432,224 deaths, respectively. The two regions together account for nearly 70 percent of the world’s confirmed cases and about 74.5 percent of deaths.

Photo 1 – A teacher checks the body temperature of a student at a school in Bangalore, India, Oct. 25, 2021. (Str/Xinhua)
Photo 2 – White flags honoring the lives lost to COVID-19 are seen on the National Mall in Washington, D.C., the United States, on Oct. 2, 2021. (Xinhua/Liu Jie)
Photo 3 – Men stand at a bus stop amid the COVID-19 outbreak in Sao Paulo, Brazil on Aug. 2, 2021. (Xinhua/Rahel Patrasso)■