Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ပြီးခဲ့သည့်နှစ်တွင် ပထမဆုံးအကြိမ် တန်ချိန် ၃၀၀,၀၀၀ ကျော်ရှိ

ဖနွမ်းပင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တန်ချိန် ၃၀၀,၀၀၀ ကျော်လွန်ခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံအကြား ဆန်စပါးကဏ္ဍတွင် နောက်ထပ်သမိုင်းမှတ်တိုင် ဖြစ်လာကြောင်း တရုတ်နိုင်ငံ အသိအမှတ်ပြုလက်မှတ် နှင့် စစ်ဆေးရေးအဖွဲ့(CCIC)၏ ကမ္ဘောဒီးယားရုံးခွဲက ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ သန့်စင်ထားသည့်ဆန် တန်ချိန် ၃၀၆,၂၂၂ တန် တင်ပို့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၂၄၉,၃၂၂ တန် တင်ပို့ထားသဖြင့် ၂၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း CCIC ကမ္ဘောဒီးယားရုံးခွဲ၏ အထွေထွေမန်နေဂျာ Chen Qisheng က ပြောကြားခဲ့သည်။

တိုးတက်မှုသည် ၂၀၁၂ ခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၅,၀၀၀ ခန့်မှ ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၃၀၀,၀၀၀ ကျော်အထိ နောက်ပိုင်းတွင် တိုးတက်လာခဲ့ပြီး တစ်နှစ်အတွင်း ပထမဆုံးအကြိမ် အမြင့်ဆုံး ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ခိုင်မာတဲ့ အားပေးထောက်ပံမှုတွေနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်ထုတ်လုပ်တင်ပို့မှုလုပ်ငန်းက ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်ခဲ့ပါတယ်။” Chen Qisheng က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဆန်စပါးအပြင် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့တွင် လတ်ဆတ်သောဌက်ပျောသီး နှင့် သရက်သီးများအား ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း နှင့် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား longan အသီးအနှံ တင်ပို့နိုင်ရေးအတွက် ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံက အတူတကွ ဆောင်ရွက်လျက် ရှိကြောင်း Chen Qisheng က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှုဇုန်(CCFTA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) တို့သည် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာသည်နှင့်အမျှ အဆိုပါသဘောတူညီချက် နှစ်ရပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ၊ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအား ပိုမိုအားကောင်းလာစေမည်ဟု Chen က ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“အဲဒီသဘောတူညီချက်တွေက ကမ္ဘောဒီးယားနိုင်ငံရှိ သွင်းကုန် နဲ့ ထုတ်ကုန်လုပ်ငန်းတွေ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် ကြီးမားတဲ့အကျိုးအမြတ်တွေ ပေးနိုင်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

သဘောတူညီချက်နှစ်ရပ်နှင့်အတူ တရုတ်နိုင်ငံသို့ တင်ပို့မှု အပြင် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန် ၊ ဌက်ပျော ၊ သရက်သီး ၊ အုန်းသီးမွှေး နှင့် သီဟိုဠ်သရက်ပင်ကဲ့သို့ အရည်အသွေးမြှင့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များအား ဂျပန် ၊ တောင်ကိုရီးယား ၊ စင်္ကာပူ စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပြီး အကျိုးဖြစ်ထွန်းမှု နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ တိုးတက်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများအား ထိထိရောက်ရောက်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း Chen Qisheng က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Cambodia’s rice export to China exceeds 300,000 tons for 1st time last year

PHNOM PENH, Jan. 1 (Xinhua) — Cambodia’s rice export to China surpassed 300,000 tons for the first time in 2021, marking another historic milestone in the rice sector between the two countries, according to a report from the China Certification & Inspection Group (CCIC)’s Cambodia branch on Saturday.

The southeast Asian nation exported 306,222 tons of milled rice to China last year, an increase of 22.8 percent from 249,322 tons in a year earlier, Chen Qisheng, general manager of CCIC’s Cambodia branch said.

Chen said the growth has subsequently increased from about 5,000 tons in 2012 to more than 300,000 tons last year, the highest first time ever in a year.
“With strong support from China, Cambodia’s rice production and processing industry has made great progress,” he told Xinhua.

Chen said apart from rice, Cambodia first exported fresh bananas and fresh mangoes to China in 2019 and 2021, respectively, and the two countries have been working together to enable the export of Cambodian longan fruit to China in the near future.

As the China-Cambodia Free Trade Agreement (CCFTA) and the Regional Comprehensive Economic Partnership (RCEP) entered into force on Saturday, Chen believed that the two pacts will further boost Cambodia’s socio-economic development, especially the development of agriculture.

“These agreements will provide tremendous benefits to import and export enterprises in Cambodia, especially the agricultural ones,” he said.
“With the two agreements, in addition to the export to China, Cambodia’s high-quality agricultural products such as rice, bananas, mangoes, fragrant coconuts, and cashews can also be exported to Japan, South Korea, Singapore, etc., which will effectively promote enterprises to improve efficiency and sustainable development,” Chen added. Enditem
Photo – A Cambodian farmer removes rice seedlings in Dangkor district on the outskirts of Phnom Penh, Cambodia, Aug. 20, 2014. (Xinhua/Sovannara)