Connect with us

COVID-19 UPDATES

ကမ္ဘောဒီးယားနိုင်ငံသည် ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ် ကာကွယ်ရန် အာဖရိက ၁၀ နိုင်ငံအား ခရီးသွားလာမှုပိတ်ပင်

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ လေဆိပ်ဝန်ထမ်းတစ်ဦးက Sinovac COVID-19 ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် သယ်ဆောင်နေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အိုမီခရွန် (Omicron) သို့မဟုတ် B.1.1.529 ဟုသိကြသော COVID-19 ဗီဇပြောင်း မျိုးကွဲအသစ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် အာဖရိကရှိ နိုင်ငံ ၁၀ နိုင်ငံမှ ခရီးသည်များပြည်ဝင်ခွင့်ကို ကမ္ဘောဒီးယားနိုင်ငံက နိုဝင်ဘာ ၂၉ ရက် ညဉ့်သန်းခေါင်ကျော်တွင် တားမြစ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ကျန်းမာရေးဝန်ကြီး Mam Bunheng က ပြောကြားခဲ့သည်။

ယင်း ၁၀ နိုင်ငံမှာ ဘော့ဆွာနာ၊ အက်စဝါတီနီ၊ လီဆိုသို၊ မိုဇမ်ဘစ်၊ နမ်ဘီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ မာလာဝီ၊ အန်ဂိုလာနှင့် ဇမ်ဘီယာနိုင်ငံတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး လွန်ခဲ့သည့် သုံးပတ်အတွင်း ၎င်း၁၀ နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသူများကိုလည်း ကမ္ဘောဒီးယားနိုင်ငံသို့ဝင်ရောက်ခွင့်အား ပိတ်ပင်တားမြစ်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒီလုပ်ဆောင်မှုဟာ ကမ္ဘောဒီးယားကို ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်အမျိုးအစား ပျံ့နှံ့မှုကို တားဆီးဖို့ဖြစ်ပြီး ဒီတားမြစ်ချက်က ထုတ်ပြန်ချက်ထွက်လာပြီး ၄၈ နာရီအတွင်း အသက်ဝင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းဗီဇပြောင်းအိုမီခရွန် ဗိုင်းရပ်စ်အမျိုးအစားကို တောင်အာဖရိကသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ နိုဝင်ဘာ ၂၄ ရက်က ပထမဆုံးအစီရင်ခံတင်ပြခဲ့ပြီး ကမ္ဘောဒီးယားတွင် ယင်းအားတွေ့ရှိခြင်းမရှိသေးပေ။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Li Ailan က ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ကာကွယ်ဆေး ထိုးနှံထားမှု မြင့်မားသော်လည်း အသစ်တွေ့ရှိထားသော ဗီဇပြောင်း အိုမီခရွန် အမျိုးအစားအတွက် စိုးရိမ်သင့်သည်ဟု ပြောကြားခဲ့သည်။

“လူတိုင်းဟာ ဖြစ်နိုင်ချေရှိတဲ့ ကူးစက်မှုမြင့်တက်လာမယ့်လှိုင်းတွေအတွက် အဆင်သင့်ဖြစ်သင့်ကြောင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုတွေကို ဆက်လက်လေ့လာပြီး ချိန်ညှိဆောင်ရွက်သင့်ပါတယ်” လို့ နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ချက်တစ်ခုတွင် Li Ailan ပြောကြားခဲ့ပါတယ်။အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းနှင့် သက်ကြီးရွယ်အိုများကဲ့သို့ အန္တရာယ်များပြီး ထိခိုက်လွယ်သော လူအဖွဲ့အစည်းများအား ကာကွယ်ရန်အတွက် COVID-19 ကာကွယ်ဆေးထိုးရန် အရေးကြီးကြောင်း သူမက ဆက်လက်ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ နိုဝင်ဘာ ၂၉ ရက် တွင် COVID-19 အတည်ပြုလူနာ ၂၅ ဦး ကို ထပ်မံတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ စုစုပေါင်း ၁၂၀,၁၁၂ ဦးအထိ ရှိလာခဲ့ကြောင်း ၊ထပ်မံသေဆုံးသူ ၄ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် သေဆုံးသူ စုစုပေါင်း ၂၉၃၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Cambodia bans travelers from 10 African countries to curb Omicron variant
PHNOM PENH, Nov. 30 (Xinhua) — Cambodia on Monday midnight imposed restrictions on travel from 10 countries in Africa to avert the spread of a new strain of COVID-19 known as Omicron or B.1.1.529, the country’s Health Minister Mam Bunheng said.
The 10 countries are Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola and Zambia, he said in a statement, adding that those who have a history of traveling to the 10 countries in the last three weeks are also banned from entering Cambodia.
“The move is to prevent the spread of the Omicron variant to Cambodia and the ban will take effect within 48 hours after this statement is released,” he said.
The Omicron variant, first reported to the World Health Organization (WHO) from South Africa on Nov. 24, has not yet been detected in Cambodia.
WHO representative to Cambodia Li Ailan said Cambodia should be concerned about the newly detected variant of Omicron despite the high COVID-19 vaccination coverage.
“Everyone should be ready for a possible surge, and we should continue to learn and adjust our response measures,” she said in a statement on Saturday.
She added that COVID-19 vaccination remains vital, especially for protecting the high risk and vulnerable populations such as health care workers and the elderly.
Cambodia reported 25 new COVID-19 cases on Monday, taking the national total caseload to 120,112, the Ministry of Health said, adding that four more fatalities were confirmed, bringing the death toll to 2,935. Enditem