Connect with us

North America

ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လမ်းပေါ်၌သေနတ်ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် San Bruno မြို့အနီးတွင် လုံခြုံရေးဆောင်ရွက်နေသော ရဲအရာရှိများအား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျယ်လိစ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် မေ၂၁ ရက်၌ လမ်းပေါ်တွင် သေနတ်ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာမှ အာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကားဖော်ပြခဲ့သည်။

ယင်းဆိုးရွားသည့်ဖြစ်ရပ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ကယ်လီဖိုးနီးယားပြည်နယ် Orange မြို့ရှိ အမှတ် ၅၅ အဝေးပြေးလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးငယ်၏ မိခင်သည် ငွေမှင်ရောင် Chevrolet sedan ကားအားမောင်းနှင်လာပြီး သူမ၏ သားငယ်သည် ကားအနောက်ခန်း ညာဘက် ခရီးသည်ထိုင်ခုံတွင် ထိုင်နေစဉ် အခြားယာဉ်မောင်းတစ်ဦးမှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း City News Service က ဖော်ပြထားသည်။

မိခင်ဖြစ်သူသည် ကားကိုချက်ချင်းရပ်တန့်ကာ ၉၁၁ သို့ ဖုန်းခေါ်ဆို၍ ကလေးငယ်အား Orange ကောင်တီ ကလေးဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ကယ်လီဖိုးနီးယား အဝေးပြေးလှည့်ကင်းအရာရှိ John De Matteo ၏ ပြောကြားချက်အား သတင်းတွင်ဖော်ပြခဲ့သည်။

တာဝန်ရှိသူများမှ မီဒီယာသို့ ပြောကြားရာတွင် ယင်းဖြစ်ရပ်သည် လူသူကင်းဝေးသည့်လမ်းပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုဖြစ်ကြောင်းနှင့် မိမိတို့ကားတွင် တပ်ဆင်ထားသောကင်မရာများမှ အဆိုပါတိုက်ခိုက်မှုကို ရိုက်ကူးမိထားပါက စုံစမ်းစစ်ဆေးသူများထံသို့ ဆက်သွယ်ပေးရန် လူအများအား တိုက်တွန်းထားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်များသည် မကြာခဏဆိုသလိုပင် သေနတ်ကိုင်အကြမ်းဖက်မှုများ၏ နစ်နာသူများဖြစ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု၌ ယခုနှစ်၏ ပထမလေးလအတွင်း ကလေးငယ် ၃၀၀ ကျော်နှင့် ဆယ်ကျော်သက် ၁,၃၀၀ ဦးတို့မှာ သေနတ်ကိုင်အကြမ်းဖက်မှုများအတွင်း ပစ်ခတ်ခံခဲ့ကြရကြောင်း သိရသည်။ အကျိုးအမြတ်မယူသော အဖွဲ့တစ်ခုဖြစ်သည့် Gun Violence Archive မှ ထုတ်ပြန်သော အချက်အလက်များအရ မေ ၂၁ ရက်အထိ တစ်နိုင်ငံလုံးရှိ သေနတ်ကိုင်အကြမ်းဖက်မှုများအတွင်း အသက် သုည နှစ် မှ ၁၁ နှစ်ကြားကလေးငယ် ၁၁၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
6-year-old boy killed in road rage shooting in U.S. Southern California
LOS ANGELES, May 21 (Xinhua) — A 6-year-old boy was killed Friday in a road rage shooting in Southern California, the United States, local news media reported, citing authorities.
The fatal incident occurred on the 55 Freeway in Orange, California, around 8 a.m. local time. The boy’s mother was driving a silver Chevrolet sedan with her son in the right rear passenger booster seat when another driver opened fire, according to City News Service.
The mother pulled over immediately and called 911 and the boy was rushed to Children’s Hospital of Orange County, where he was pronounced dead, California Highway Patrol Officer John De Matteo was quoted as saying by the news outlet.
Officials told media that this was an isolated road rage incident and urged people who may have dashcam camera video of the attack to contact investigators.
Children are often the victims of gun violence in the United States. More than 300 children and 1,300 teenagers were shot in gun violence in the United States in the first four month this year. As of Friday, 119 children aged between 0 and 11 have been killed in gun violence across the country, according to data released by the nonprofit group Gun Violence Archive. Enditem

Photo-Police officers stand guard near the headquarters of YouTube in San Bruno, California, the United States, April 3, 2018. (Xinhua/Wu Xiaoling)