Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက ဆူဒန်နိုင်ငံ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုအား ပြစ်တင်ရှုတ်ချ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ သတင်းထောက်များအား ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆူဒန်နိုင်ငံ၌ ဆန္ဒပြသူများအား ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို ဇန်နဝါရီ ၃ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး ပြည်သူများ၏ လွတ်လပ်စွာ စုဝေးခွင့် နှင့် ဆန္ဒထုတ်ဖော်ခွင့်အတွက် ဆူဒန်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ဝတ္တရားများအား အတတ်နိုင်ဆုံး ထိန်းသိမ်းလိုက်နာကြရန် တောင်းဆိုကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ ခါတွန်မြို့၌ အရပ်သားအုပ်ချုပ်ရေး တောင်းဆိုဆန္ဒပြသူများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အန်တိုနီယို ဂူတာရက်စ်က ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok ရာထူးမှ နုတ်ထွက်ခြင်းကို သတိပြုမိကြောင်း နှင့် ဆူဒန်နိုင်ငံတွင် အခြေအနေခေါ်ဆောင်ရာနောက် လိုက်ပါနေရလင့်ကစား ရှေ့ဆက်သွားမည့်လမ်းကြောင်းတွင် နိုင်ငံရေး အပြန်အလှန် နားလည်မှုတစ်ခု ရှိမနေခြင်းအပေါ် စိတ်ပျက်မိကြောင်း ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က သက်ဆိုင်သူများအားလုံးပါဝင်ပြီး ငြိမ်းချမ်းပြီး ရေရှည်ခိုင်မာသည့်အဖြေ ရရှိနိုင်အောင် အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုအတွက် ဆက်လက်စေ့စပ်ညှိနှိုင်းရန် တွန်းအားပေးခဲ့သည်။ ဒီမိုကရေစီဝါဒကို အခြေခံသောစနစ်တစ်ခုအား ဦးတည်သည့် အသွင်ကူးပြောင်းရေးအတွက် ဆူဒန်နိုင်ငံသားများ၏ ပြင်းပြသည့်ဆန္ဒများသည် အလွန်အရေးပါကြောင်း နှင့် ကုလသမဂ္ဂသည် ယင်းကြိုးပမ်းအားထုတ်မှုများအား ထောက်ပံ့သွားရန် အသင့်ရှိနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………………..
(English Version)
UN chief condemns violence against protesters in Sudan
UNITED NATIONS, Jan. 3 (Xinhua) — UN Secretary-General Antonio Guterres on Monday condemned the continued violence targeting protesters in Sudan and called on the Sudanese security forces to exercise utmost restraint and adhere to their obligations in relation to the rights to freedom of assembly and expression, said his spokesman.
Guterres has also taken note of the resignation of Prime Minister Abdalla Hamdok, and regrets that a political understanding on the way forward is not in place despite the gravity of the situation in Sudan, said Stephane Dujarric, the spokesman, in a statement.
“The secretary-general encourages all stakeholders to continue engaging in meaningful dialogue in order to reach an inclusive, peaceful and lasting solution. Sudanese aspirations for a transition that leads to a democratic dispensation are critical. The UN remains ready to support these efforts,” said the statement. Enditem
Photo 1 – United Nations Secretary-General Antonio Guterres speaks to reporters at the UN headquarters in New York, on Oct. 11, 2021. Guterres on Monday called for the injection of liquidity to keep the Afghan economy afloat. (Xinhua/Xie E)
Photo 2 – People demonstrate on a street demanding civilian rule in Khartoum, Sudan, Dec. 13, 2021. (Xinhua/Mohamed Khidir)