Connect with us

Asia

ကုလသမဂ္ဂအကြီးအကဲက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအား ပြစ်တင်ရှုတ်ချ

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်က မြောက်ကိုရီးယားနိုင်ငံ(DPRK) က ဇန်နဝါရီ ၃၁ ရက်တွင် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုအား ပြစ်တင် ရှုတ်ချခဲ့ကြောင်း ၎င်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။“အထွေထွေအတွင်းရေးမှူးချုပ်က ဇန်နဝါရီ ၃၁ ရက်မှာ မြောက်ကိုရီးယားနိုင်ငံ(DPRK)က တာလတ်ပစ်လို့ ဖြစ်နိုင်ခြေရှိတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်တာကို ပြစ်တင်ရှုတ်ချပါတယ်။ဒါက ၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံက ကြေညာခဲ့တဲ့ ပစ်လွှတ်တာနဲ့ သက်ဆိုင်တဲ့ တရားဝင်ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်တာ ဖြစ်ပြီးတော့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာ ဖြစ်ပါတယ်။”ဟု လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“နိုင်ငံတကာ လေကြောင်းပျံသန်းမှုနဲ့ ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံမှုအတွက် မြောက်ကိုရီးယားနိုင်ငံက ဘယ်လိုထည့်တွက်စဉ်းစားရမယ့်အချက်မဆို ထပ်ပြီးတော့ အလေးမထားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အလွန် စိုးရိမ်ဖို့ကောင်းပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်က မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ထပ်ပြီးတော့မည်သည့် ပစ်လွှတ်မှုမှန်သမျှကို လုပ်ဆောင်ခြင်းကနေ ရပ်တန်းက ရပ်ပြီး ငြိမ်းချမ်းသော သံတမန်ရေးရာ ဖြေရှင်းနည်းတစ်ခုနဲ့ အဖြေရှာဖို့ သက်ဆိုင်သူတွေအားလုံးကို တောင်းဆိုပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် Hwasong 12 အမျိုးအစား မြေပြင်မှ မြေပြင်သို့ တာလတ်ပစ် နှင့် တာဝေးပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ဇန်နဝါရီ ၃၀ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်လွှင်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

UN chief condemns DPRK’s missile launch

UNITED NATIONS, Feb. 1 (Xinhua) — UN Secretary-General Antonio Guterres has condemned Sunday’s ballistic missile launch by the Democratic People’s Republic of Korea (DPRK), said his deputy spokesman on Tuesday.
“The secretary-general condemns the launch of a ballistic missile of possible intermediate-range by the Democratic People’s Republic of Korea (DPRK) on Jan. 30. This is a breaking of the DPRK’s announced moratorium in 2018 on launches of this nature, and a clear violation of Security Council resolutions,” said Farhan Haq, the deputy spokesman, in a statement.

“It is of great concern that the DPRK has again disregarded any consideration for international flight or maritime safety. The secretary-general urges the DPRK to desist from taking any further counter-productive actions and calls for all parties to seek a peaceful diplomatic solution,” said the statement.

The official Korean Central News Agency of the DPRK reported that the country test-fired a Hwasong 12-type ground-to-ground intermediate- and long-range ballistic missile on Sunday. ■

Photo – Photo provided by Korean Central News Agency (KCNA) on Jan. 31, 2022 shows the Democratic People’s Republic of Korea (DPRK) conducting the evaluation test-fire of the Hwasong 12-type ground-to-ground intermediate- and long-range ballistic missile on Jan. 30, 2022. (KCNA via Xinhua)
9, 2022. (Xinhua/Wang Ying)