Connect with us

North America

အမေရိကန်နိုင်ငံတွင် အပတ်စဉ် COVID-19 ကူးစက်မှုအသစ် ၉၉.၉ ရာခိုင်နှုန်းမှာ အိုမီခရွန်ဖြစ်နေကြောင်း CDC ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အပတ်စဉ် COVID-19 ရောဂါကူးစက်မှုများ၏ ၉၉.၉ ရာခိုင်နှုန်းမှာ ကူးစက်မြန် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်နေကြောင်း အမေရိကန် ရောဂါ၊ ထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က ဖေဖော်ဝါရီ ၁ ရက်က ပြောကြားခဲ့သည်။ပြီးခဲ့သည့်နွေရာသီက ကူးစက်မှုဖြစ်ပွားခဲ့သော ဒယ်လ်တာ (Delta) မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကမူ ဇန်နဝါရီ ၂၉ ရက်တွင် ကုန်ဆုံးခဲ့သော သီတင်းပတ်၌ ၀.၁ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း သိရသည်။

အိုမီခရွန် ကူးစက်မှုအသစ်များမှာ ဒီဇင်ဘာလအစောပိုင်းမှစ၍ လျင်မြန်စွာ မြင့်တက်ခဲ့သည်။ အဆိုပါ မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် ဒီဇင်ဘာ ၄ ရက်၌ ကုန်ဆုံးခဲ့သော သီတင်းပတ်တွင် ရောဂါကူးစက်မှုအသစ် ၀.၆ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁ ရက်တွင် ကုန်ဆုံးခဲ့သော သီတင်းပတ်တွင်မူ ၈၉.၃ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ကုန်ဆုံးခဲ့သော ရက်သတ္တပတ်၌မူ ၉၇.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း CDC အချက်အလက်က ဖော်ပြထားသည်။

လေ့လာမှုအများအပြားကလည်း လတ်တလောခွင့်ပြုထားသော COVID-19 ကာကွယ်ဆေးများက အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်ရခြင်းနှင့် လူသေဆုံးခြင်းကို အခိုင်အမာကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။

ဒယ်လ်တာနှင့် အိုမီခရွန် ဗိုင်းရပ်စ်နှစ်ခုလုံးကြောင့် မတော်တဆမှုနှင့် ဆေးရုံတက်ရောက်မှုနှုန်းသည် ကာကွယ်ဆေးမထိုးနှံထားသူများအကြား အများဆုံးဖြစ်ပြီး အားဖြည့်ကာကွယ်ဆေးဖြင့် ကာကွယ်ဆေးထိုးထားသူများအကြားတွင် အနိမ့်ဆုံးဖြစ်ကြောင်း CDC က ဖေဖော်ဝါရီ ၁ ရက်၌ ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)
———————————————–
(English Version)

Omicron accounts for 99.9 pct of new weekly COVID-19 cases in U.S.: CDC
2022-02-02 06:14:31
WASHINGTON, Feb. 1 (Xinhua) — The highly contagious Omicron variant accounted for 99.9 percent of new weekly COVID-19 infections in the United States, according to data updated by the U.S. Centers of Disease Control and Prevention (CDC) on Tuesday.

The Delta variant, which spiked last summer, only made up the remaining 0.1 percent in the week ending Jan. 29.

The new infections driven by Omicron have risen rapidly since early December. The variant accounted for only 0.6 percent of new cases in the week ending Dec. 4, rising to 89.3 percent in the week ending Jan. 1, and 97.8 percent in the week ending Jan. 15, CDC data showed.

Several studies have suggested current authorized COVID-19 vaccines could provide strong protection against hospitalization and death caused by the Omicron variant.

During both Delta and Omicron predominance, incidence and hospitalization rates were the highest among unvaccinated persons and the lowest among vaccinated persons with a booster, according to a report published by the CDC on Tuesday. Enditem

Photo : A man wearing a face mask walks on a street in Manhattan of New York, the United States, Jan. 19, 2022. (Xinhua/Wang Ying)