Connect with us

Africa & Middle East

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄၀ ပျောက်ဆုံးလျက်ရှိ

ကွန်ဂိုနိုင်ငံ (Republic of Congo) မြို့တော် ဘရာဇာဗီလီကို ဖြတ်သန်းသွားမည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ဒုက္ခသည်များအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်း ၊ South Kivu ပြည်နယ် ရှိ Kalehe နယ်မြေတွင် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လှေတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၄၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

အသက်ရှင်ကျန်ရစ်သူ ၅၇ ဦးနှင့် ရုပ်အလောင်း ၈ လောင်းကို ရှာဖွေတွေ့ရှိထားပြီး လူ ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံ အရပ်ဘက်အဖွဲ့အစည်းအကြီးအကဲ Delphin Birimbi က လတ်တလောထုတ်ပြန်ချက်အား ကြေညာခဲ့သည်။

လှေပေါ်တွင် ခရီးသည် ၁၂၀ ခန့် လိုက်ပါသွားကြောင်း ရေကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာ၌ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်များက ဆိုသည်။ (Xinhua)

———————————–
(English Version)
At least 40 missing in boat accident in eastern DR Congo
KINSHASA, Nov. 11 (Xinhua) — At least 40 people remain missing after a boat accident Thursday morning in Kalehe territory of the South Kivu province, eastern Democratic Republic of the Congo (DRC), local sources said.
In a provisional assessment announced by Delphin Birimbi, head of the local civil society, 57 survivors and eight bodies have already been found, while more than 40 people are still missing.
Sources with the maritime authorities said that about 120 passengers were on board, without specifying the cause of the accident.
The search for survivors is still underway in the area of the accident, according to provincial authorities.
Enditem