Connect with us

Environment, Disasters & Accidents

ခရီးသည်တင်လေယာဉ် ပျက်ကျမှု ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင်အတွင်းရှိ အခင်းဖြစ်နေရာ၌ ပျက်ကျသွားသည့် ခရီးသည်တင်လေယာဉ်၏ အပျက်အစီး အပိုင်းအစများအား မတ် ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားပြီးနောက် မတ် ၂၂ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အခင်းဖြစ်နေရာသို့ လူပေါင်း ၂,၀၀၀ ကျော်အား စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

လေယာဉ်ပျက်ကျသည့်နေရာသည် တောင်တန်းတစ်ခုပေါ်တွင် တည်ရှိနေသည့်အတွက် black box ရှာဖွေရေးကို ဒရုန်းများ နှင့် ကယ်ဆယ်ရေးဝန်ထမ်းများ နှစ်ခုလုံးပေါ်တွင် အမှီပြုအားထားနေရကြောင်း သိရသည်။

လေယာဉ်၏ ဦးတည်ရာနေရာလည်း ဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၏ မြို့တော် ကွမ်ကျိုးမြို့ရှိ ဒရုန်းကယ်ဆယ်ရေးစင်တာမှ ကယ်ဆယ်ရေးသမား Zhu Xiaodong က ပျက်ကျရာနေရာသို့ သွားရောက်သည့် လမ်းကြောင်းအနည်းငယ်သာ ရှိသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲနေကြောင်း အခင်းဖြစ်နေရာ၌ ပြောကြားခဲ့သည်။

မတ် ၂၂ ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွင် ကယ်ဆယ်ရေးစခန်းတွင် မိုးဖွဲဖွဲ ရွာသွန်းခဲ့သည်။ ဒေသတွင်း မိုးလေဝသဌာနက မတ် ၂၂ ရက်မှ ၂၄ ရက်အထိ ထိုနေရာတွင် မိုးပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး ရှာဖွေရေး လုပ်ငန်းအား ဆိုးဆိုးရွားရွား သက်ရောက်နိုင်ကြောင်း သိရသည်။

ကွမ်ကျိုးမြို့သို့ ဦးတည်၍ ကူမင်းမြို့မှ ပျံသန်းထွက်ခွာလာခဲ့သည့် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်း ဘိုးရင်း ၇၃၇ လေယာဉ်သည် မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင် ဝူကျိုးမြို့ ထိန်ရှန့်ခရိုင်အတွင်းရှိ Molang ကျေးရွာအနီး တောင်ထူထပ်သောဧရိယာအတွင်းသို့ ပျက်ကျသွားခဲ့ပြီး တောင်မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
Rescue work continues after passenger plane crash
NANNING, March 22 (Xinhua) — Rescue work continued on Tuesday after a passenger plane with 132 people aboard crashed in south China’s Guangxi Zhuang Autonomous Region Monday afternoon.
Over 2,000 people have been sent to the site as part of the rescue efforts.
Since the site of the crash is located in a mountain forest, the search for the black box relies on both drones and rescue staff.
Zhu Xiaodong, a rescuer with a drone rescue center in Guangzhou, capital of south China’s Guangdong Province and also the destination of the plane, said at the site that it is difficult to carry out rescue work as there are only a few paths leading to the site.
At around 7:30 a.m. on Tuesday, light rain fell over the rescue site. The local meteorological department forecast that more rain would hit the area from Tuesday to Thursday, which might adversely affect the search efforts.
The China Eastern Airlines Boeing 737 aircraft, which departed from Kunming and was bound for Guangzhou, crashed into a mountainous area near Molang Village in Tengxian County in the city of Wuzhou at 2:38 p.m. Monday, causing a mountain fire. ■
Photo – Photo taken with a mobile phone shows pieces of a crashed passenger plane’s wreckage found at the crash site in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 21, 2022. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.