Connect with us

Europe

ချီလီနိုင်ငံက ရုရှားနိုင်ငံထုတ် COVID-19 တိုက်ဖျက်ရေး Sputnik V ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြု

#ချီလီ နိုင်ငံတွင် #အရေးပေါ်အသုံးပြုရန် #ရုရှား နိုင်ငံထုတ် #COVID-19 #ကာကွယ်ဆေး #SputnikV ကို ခွင့်ပြုပေး #ဆင်ဟွာ

ဆန်တီရာဂို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Gamaleya သုတေသနအင်စတီကျူ့မှ ထုတ်လုပ်သော COVID-19 တိုက်ဖျက်ရေး Sputnik V ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ချီလီနိုင်ငံက ဇူလိုင် ၂၁ ရက်၌ ခွင့်ပြုခဲ့ကြောင်း သိရသည်။ကြားဖြတ် ကျန်းမာရေးဆောင်ရွက်မှုတွင် မလိုအပ်သည့် အားပျော့ပြီး အလယ်အလတ် ဆိုးကျိုးသက်ရောက်မှုများနှင့်အတူ “လေ့လာမှုအားလုံးမှာ ပါဝင်တဲ့ ဘေးကင်းစိတ်ချမှု ရလဒ်တွေအရ ဒီကာကွယ်ဆေးက ကောင်းမွန်တဲ့ ဘေးကင်းစိတ်ချမှုရှိပါတယ်” ဟု ပြည်သူ့ကျန်းမာရေးအင်စတီကျု ယာယီ ညွှန်ကြားရေးမှူး Heriberto Garcia က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးအား အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး “ကျွန်တော်တို့ နိုင်ငံမှာ COVID-19 ရောဂါ တိုက်ဖျက်ဖို့ ကာကွယ်ဆေး ပံ့ပိုးမှုအတွက် ရွေးချယ်စရာ တစ်ခု ထပ်ပိုလာတာပေါ့” ဟု Garcia က ဆိုသည်။

အဆိုပါ အင်စတီကျု့၏ ပညာရှင်များကော်မတီက တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီများဖြစ်သော CanSino နှင့် Sinovac ကာကွယ်ဆေးများအပြင် Johnson & Johnson, Pfizer-BioNTech နှင့် AstraZeneca စသည့် ကာကွယ်ဆေးများကိုလည်း ခွင့်ပြုထားပြီးဖြစ်သည်။

ချီလီနိုင်ငံတွင် ဇူလိုင် ၂၀ ရက်အထိ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူ ၁၂,၅၂၉,၇၂၀ ဦးနှင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ၁၁,၇၅၈,၆၂၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအဆိုအရ သိရသည်။

အစိုးရ၏ ရည်မှန်းချက်မှာ လူထု ကိုယ်ခံအားရရှိစေရန် လူဦးရေ၏ ၈၀ ရာခိုင်နှုန်း သို့မဟုတ် ပြည်သူ ၁၅.၂ သန်းကျော်အား ကာကွယ်ဆေးထိုးနှံရန် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ရောဂါကြောင့် ဇူလိုင် ၂၀ ရက် သတင်းထုတ်ပြန်ချက်အရ ရောဂါ အတည်ပြုလူနာ ၁,၆၀၂,၈၅၄ ဦးနှင့် သေဆုံးသူ ၃၄,၆၁၁ ဦးရှိကြောင်း သိရသည်။ (Xinhua)

———————————————————-
(English Version)

Chile approves emergency use of Russian Sputnik V vaccine against COVID-19

SANTIAGO, July 21 (Xinhua) — Chile on Wednesday authorized the emergency use of the Sputnik V vaccine made by the Russian research institute Gamaleya against COVID-19.

“The safety results obtained in all the studies show that the vaccine has a good safety profile,” with mild and moderate adverse effects that did not require medical intervention, Heriberto Garcia, acting director of the Institute of Public Health, said at a press conference.

The approval of the vaccine for those 18 and over “adds one more alternative for the supply of vaccines against COVID-19 in our country,” said Garcia.

The institute’s committee of experts has approved vaccines from Chinese pharmaceutical firms CanSino and Sinovac, as well as Johnson & Johnson, Pfizer-BioNTech and AstraZeneca.

As of Tuesday, 12,529,720 people have been vaccinated with a first dose and 11,758,626 people have been fully vaccinated, according to the Chilean Ministry of Health.

The government’s goal is to immunize over 15.2 million people, or 80 percent of the population, to achieve herd immunity.

The ministry on Wednesday reported a total of 1,602,854 confirmed cases and 34,611 deaths from the disease. Enditem

Photo : A nurse prepares a dose of COVID-19 vaccine at a vaccination site in Santiago, Chile, March 25, 2021. Chilean Health Minister Enrique Paris announced on April 1 that current health restrictions will be tightened throughout the country, after Chile registered a new peak of COVID-19 infections and saw more than one million cases in total. (Photo by Jorge Villegas/Xinhua)