Connect with us

Media

ဂျကာတာ – ဘန်ဒေါင်း မြန်နှုန်းမြင့် ဆက်ကြောင်းမဲ့ရထားသံလမ်း ပန္နက်ချ

ဂျကာတာ ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)ဂျကာတာ – ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း (HSR) ၏ ပထမဆုံး ဆက်ကြောင်းမဲ့ ရထားသံလမ်းကို ဒီဇင်ဘာ ၂၉ ရက်က အောင်မြင်စွာ ပန္နက်ချနိုင်ခဲ့တာကြောင့် မြန်နှုန်းမြင့် ရထားသံလမ်းခင်းခြင်း ပရောဂျက် ပထမအဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ဂျကာတာ – ဘန်ဒေါင်း မြင်နှုန်းမြင့် ရထားလမ်းတွင် စမတ်နည်းပညာသုံး ဆက်ကြောင်းမဲ့ ရထားသံလမ်း အရှည် ၈၃.၅ ကီလိုမီတာ အပါအဝင် ပင်မရထားသံလမ်းမကြီး၏ စုစုပေါင်း ရထားလမ်း အရှည်သည် ၁၄၂.၃ ကီလိုမီတာ ရှိသည်။ ဂျကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်သည် တရုတ်နိုင်ငံမှ အမှီခိုကင်းစွာ ဖန်တီးထားသည့် CRTSIII ဆက်ကြောင်းမဲ့ ရထားသံလမ်းနည်းပညာစနစ်ကို အသုံးပြုခဲ့သည့် ပထမဆုံး ပြည်ပ ပရောဂျက်ဖြစ်သည်။

ဂျကာတာ – ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု မူဘောင်အတွင်းတွင် ဖော်ဆောင်ခဲ့သည့် အထင်ကရ ပရောဂျက်တစ်ခုဖြစ်သည်။ ၄င်းသည် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုထားကြောင်း သိရသည်။

တရုတ်နည်းပညာဖြင့် တည်ဆောက်ထားသည့် ဂျကာတာ – ဘန်ဒေါင်းမြန်နှုန်းမြင့် ရထားလမ်းသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့်ပြေးဆွဲနိုင်ရန် ပုံစံထုတ်လုပ်ထားခြင်းကြောင့် ဂျကာတာ နှင့် အနောက်ဂျာဗား ပြည်နယ်၏ မြို့တော် ဘန်ဒေါင်းကြား ၃ နာရီ ကျော်ကြာမြင့်သည့် ခရီးစဉ်အား
အချိန် မိနစ် ၄၀ ခန့်အထိ လျှော့ချပေးမည် ဖြစ်သည်။ (Xinhua)

………………………….

(English version)

GLOBALink | First ballastless track slab laid in Jakarta-Bandung High Speed Railway

JAKARTA, Dec. 30 (Xinhua) — The first ballastless track slab of the Jakarta-Bandung High Speed Railway (HSR) was laid successfully on Wednesday, marking that the project construction has entered the stage of laying ballastless track.

The total length of the main line of Jakarta-Bandung HSR is 142.3 km, including 83.5 km of ballastless track. The Jakarta-Bandung HSR is the first overseas project to adopt the CRTSIII slab ballastless track system, a technology independently developed by China.

Jakarta-Bandung HSR is a landmark project within the framework of China’s Belt and Road Initiative, which represents the pragmatic cooperation between China and Indonesia.

With a design speed of 350 km per hour, the high speed railway built with Chinese technology will cut the journey between Jakarta and Bandung, the capital of West Java province, from more than three hours to around 40 minutes.