Connect with us

COVID-19 UPDATES

ဂျာမနီနိုင်ငံက COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ကာကွယ်ဆေးလှူဒါန်းမှု စတင်

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံသောနေရာအနီး ခရီးသည်တင်ဆောင်ရန် ရောက်ရှိလာသည့် အငှားယာဉ်မောင်းများအား မှတ်ပုံတင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေးရရှိမှု ရှေ့ပြေးဆောင်ရွက်ချက် (COVAX) မှတစ်ဆင့် အခြားနိုင်ငံများသို့ ကာကွယ်ဆေးပံ့ပိုးခြင်း စတင်သွားမည်ဖြစ်ကြောင်း လက်ထောက် အစိုးရပြောရေးဆိုခွင့်ရှိသူ Ulrike Demmer က ဩဂုတ် ၉ ရက်၌ ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်၊ အီသီယိုးပီးယား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဆူဒန် စသည့်နိုင်ငံများသို့ ပထမအသုတ် ကာကွယ်ဆေး ၉၄၀,၀၀၀ ကျော် ပေးပို့မည်ဖြစ်သည်။

“လူ့အသက်ပေါင်း လေးသန်းကျော်လောက် သေဆုံးပြီးဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ဖို့ အရေးပါတဲ့ ကူညီထောက်ပံ့မှုကို ဂျာမနီက ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု Demmer က ဆိုသည်။

ဂျာမနီနိုင်ငံ အစိုးရက ယခုနှစ်ကုန်မတိုင်မီ အနည်းဆုံး ကာကွယ်ဆေး သန်း ၃၀ အား ပေးပို့ရန် မေလက ကတိပြုထားခဲ့ကြောင်း၊ ယင်းအနက် ၈၀ ရာခိုင်နှုန်းမှာ COVAX အစီအစဉ်မှ လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ကျန် ၂၀ ရာခိုင်နှုန်းအား နိုင်ငံများ၏ အစိုးရများထံ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင် နေ့စဉ် ကာကွယ်ဆေးထိုးနှံမှုမှာ ၃၅၅,၀၀၀ ခန့်လျော့ကျသွားကြောင်း၊ ဇွန်လလယ်က အများဆုံးအဖြစ် တစ်ရက်လျှင် ပျမ်းမျှ ၈၄၀,၀၀၀ ကျော်ထိထိုးနှံပေးခဲ့ကြောင်း Robert Koch Institute (RKI) ထံမှ သိရသည်။

ဂျာမနီနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းပြီးစီးမှုသည် ဩဂုတ် ၉ ရက်၌ ၅၄.၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ၄၅.၆ သန်းရှိပြီဖြစ်ကြောင်း၊ နိုင်ငံရှိ လူဦးရေ ၅၂ သန်းနီးပါးသည် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း RKI က ပြောခဲ့သည်။ (Xinhua)

————————————
(English Version)
Germany to start COVID-19 vaccine donation via COVAX
2021-08-10 03:13:59
BERLIN, Aug. 9 (Xinhua) — Germany would start providing other countries with vaccines through the worldwide initiative COVID-19 Vaccines Global Access (COVAX), deputy government spokesperson Ulrike Demmer announced on Monday.
More than 940,000 doses would go to Afghanistan, Ethiopia, Tajikistan, Uzbekistan and Sudan in the first batch.
“Germany is thus making an important contribution to the global fight against the pandemic, which has already claimed more than four million lives,” Demmer said.
Germany’s government pledged in May to deliver at least 30 million vaccine doses by the end of the year. Of these, 80 percent would be donated to COVAX while 20 percent would directly go to the countries’ governments.
Daily vaccine doses administered in Germany dropped to around 355,000, according to the Robert Koch Institute (RKI). The national average stood at more than 840,000 at peak times in mid-June.
The country’s vaccination rate climbed to 54.8 percent on Monday with 45.6 million people in Germany fully vaccinated, according to the RKI. Almost 52 million people in the country have received at least one vaccine dose. Enditem
Photo : Staff members help taxi drivers register as they arrive for picking up passengers near a COVID-19 vaccination site in Berlin, capital of Germany, March 19, 2021. (Photo by Stefan Zeitz/Xinhua)