Connect with us

Asia

စင်ကာပူနိုင်ငံ၏ Night Safari တွင် ခြင်္သေ့ ၄ ကောင် ကိုဗစ်-၁၉ ကူးစက်ခံရ

စင်ကာပူ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ Night Safari တွင် အာရှခြင်္သေ့ ၄ ကောင်သည် ကိုဗစ်-၁၉ (COVID-19) ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ဆေးကုဆရာဝန် ဝန်ဆောင်မှု (AVS) ၏ ပြောကြားချက်ကို ကိုးကား၍ Straits Times သတင်းစာက နိုဝင်ဘာ ၉ ရက် ညနေပိုင်း၌ သတင်းဖော်ပြထားသည်။National Parks Board အောက်ရှိ AVS က ခြင်္သေ့ ၄ ကောင်အပြင် Singapore Zoo ရှိ အာဖရိက ခြင်္သေ့ တစ်ကောင်တွင်လည်း နိုဝင်ဘာ ၆ ရက်နှင့် နိုဝင်ဘာ ၈ ရက်၌ ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် ထိုင်းမှိုင်းခြင်း အပါအဝင် ဖျားနာမှုလက္ခဏာများအား အသီးသီး အနည်းငယ်ပြသလျက်ရှိကြောင်း သိရသည်။

ခြင်္သေ့များသည် ယခင်က Mandai Wildlife Group မှ ဝန်ထမ်းနှင့် ထိတွေ့မှုရှိခဲ့သည်ဟု ဆိုသည်။

ရောဂါစစ်ဆေးမှုခံယူနေသော အာဖရိက ခြင်္သေ့မှာမူ ဖျားနာလက္ခဏာ ပြသနေဆဲဖြစ်သည်။AVS က အာရှခြင်္သေ့ ၉ ကောင်နှင့် အာဖရိက ခြင်္သေ့ ၅ ကောင် အားလုံးကို ၎င်းတို့၏ လှောင်အိမ်အသီးသီး၌ သီးသန့်ခွဲထားရန် တိရစ္ဆာန်များနှင့် ငှက်များ ဥပဒေအရ Mandai Wildlife Group အား အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သတင်းစာက ဖော်ပြထားသည်။

ယခင်က စင်ကာပူနိုင်ငံ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး အမည်ရှိသော Mandai Wildlife Group သည် Night Safari နှင့် Singapore Zoo အပါအဝင် နိုင်ငံအတွင်းရှိ တိရစ္ဆာန်ရုံအများစုအား စီမံခန့်ခွဲလျက်ရှိသည်။ (Xinhua)

——————————————-
(English Version)

Four lions in Singapore’s Night Safari test positive for COVID-19

SINGAPORE, Nov. 9 (Xinhua) — Four Asiatic lions at Singapore’s Night Safari have tested positive for COVID-19, the Straits Times reported on Tuesday evening, quoting the Animal and Veterinary Service (AVS).

The AVS, which is under the National Parks Board, said that the four lions, as well as an African lion at the Singapore Zoo, had exhibited mild signs of sickness including coughing, sneezing and lethargy on Saturday and Monday respectively.

The lions have been exposed to infected staff from Mandai Wildlife Group previously.The testing for the African lion that had shown signs of sickness is ongoing.
According to the newspaper, the AVS has issued an order under the Animals and Birds Act to Mandai Wildlife Group to isolate all nine Asiatic lions and five African lions in their respective dens.

Mandai Wildlife Group, formerly named Wildlife Reserves Singapore, manages the majority of zoos in the country, including the Night Safari and the Singapore Zoo. Enditem
Photo : Lion cub Simba is seen with his mother at the Singapore Zoo in Singapore, March 4, 2021. Simba made the first public appearance with his mother at the Singapore Zoo on Thursday. The lion cub was born on Oct. 23, 2020 after its mother’s artificial insemination. (Photo by Then Chih Wey/Xinhua)