Connect with us

Social, Education & Health

တရုတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့က ရေဘေးသင့်ဟဲနန်ပြည်နယ်သို့ ဆေးဘက်ဆိုင်ရာ တုံ့ပြန်ရေးအဖွဲ့ စေလွှတ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် Gongyi မြို့ Mihe မြို့ငယ်တွင် ဇူလိုင် ၂၁ ရက်၌ ရေကြီးမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် ကြီးမားစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အရေးပေါ် ကယ်ဆယ်ရေး နှင့် ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှုရေး အားဖြည့်ပေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က စေလွှတ်ခဲ့ကြောင်း သိရသည်။ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် ယင်းအလုပ်အဖွဲ့သည် ဟဲနန်ပြည်နယ်ရှိ ဆေးဘက်ဆိုင်ရာတုံ့ပြန်ရေးကြိုးပမ်းအားထုတ်မှု ဆောင်ရွက်ရာတွင် ညွှန်ကြားခြင်း ၊ ကူညီခြင်းများ ပြုလုပ်ရန် ၊ အလားအလာရှိသည့် ဘေးအန္တရာယ်များကို ထိန်းသိမ်းနိုင်ရေးအတွက် ပြည်နယ်၏ ဆေးဘက်ဆိုင်ရာ နှင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများနှင့်အတူ ၎င်းတို့၏ လုပ်ငန်းတာဝန်များ စနစ်တကျ ရှိစေရေး ဘေးအန္တရာယ်နောက်ဆက်တွဲတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုအား အကူအညီပေးရေး နှင့် ကပ်ရောဂါထိန်းချုပ်မှုကို တိုးမြှင့်ရေးအတွက် တာဝန်ပေးအပ်ထားကြောင်း ကော်မရှင်ထံမှ သိရသည်။

ပြည်သူ့ကျန်းမာရေးကော်မရှင်သည် အနီးရှိပြည်နယ် ၆ ပြည်နယ်မှ နိုင်ငံတော်အဆင့် ဆေးဘက်ဆိုင်ရာတုံ့ပြန်ရေးအဖွဲ့များကိုလည်း စုရုံးပြင်ဆင်ထားပြီး ၎င်းအဖွဲ့များသည် ဟဲနန်ပြည်နယ် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီရန် ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————————-
(English Version)

Chinese health authority dispatches medical response group to flood-hit Henan

BEIJING, July 22 (Xinhua) — China’s National Health Commission has dispatched a working group to reinforce emergency and medical response efforts in central China’s Henan Province, which has been ravaged by heavy rainfall and flooding.

Comprised of public health experts, the working group is tasked with instructing and assisting on-site medical response efforts in Henan; defusing potential risks in the province’s medical and healthcare institutions to ensure they function in an orderly manner; and enhancing mental health assistance and pandemic control in the aftermath of the disaster, the commission said.

The commission has also mobilized national-level medical response teams from six neighboring provinces, and they are prepared to aid disaster relief work in Henan, it said. Enditem
Photo – Photo taken on July 21, 2021 shows the scene after flood in Mihe Town of Gongyi City, central China’s Henan Province. (Xinhua/Li Jianan)