Connect with us

CHINA

တရုတ်နိုင်ငံက ကမ္ဘာနိုင်ငံအများစုအား ကာကွယ်ဆေးထိုးပေးနိုင်ကြောင်း မီဒီယာတွင် ဖော်ပြ

ဝါရှင်တန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံအများစုကို ကာကွယ်ဆေး မထိုးပေးသော်လည်း တရုတ်နိုင်ငံက ထိုးပေးနိုင်ကြောင်း အမေရိကန် သတင်းဝက်ဆိုဒ် Axios news က စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများသည် ဆယ်ကျော်သက်လူငယ်များအား ကာကွယ်ဆေး ထိုးပေးနိုင်ကြောင်း ၊ လူတိုင်းအတွက် အားဖြည့် အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုကို စီစဉ်ပေးကြောင်း နှင့် ယခုနှစ်တွင် အခြားဒေသများသို့ ပေးပို့ရန် အသုံးပြုနိုင်သည့် ပိုလျှံ ဆေးအကြိမ်ရေ ၁ ဒသမ ၂ ဘီလီယံစာ ကျန်ရှိနေသေးကြောင်း Airfinity ကုမ္ပဏီ၏ စိစစ်တွေ့ရှိချက်မှ အချက်အလက်များအား ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီမြို့၌ ဇူလိုင် ၈ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဒေသခံတစ်ဦးအား Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

သို့သော် အမေရိကန်နိုင်ငံ နှင့် ၎င်းတို့၏ ဆေးဝါးကုမ္ပဏီများသည် ဆင်းရဲသွားနိုင်ဖွယ် မရှိကြောင်း ၊ ကပ်ရောဂါဘေးမှ လွတ်မြောက်ရန် ကမ္ဘာ့နေရာအစိတ်အပိုင်းများစွာတွင် ကာကွယ်ဆေး မထိုးနှံရသေးကြောင်း ၊ သို့သော် တရုတ်နိုင်ငံက ထိုးနှံပေးနိုင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ COVAX အစီအစဉ်သည် မျှော်မှန်းထားသည့် ဆေးပမာဏထက် ဆေးအကြိမ်ရေ ၂၅ ရာခိုင်နှုန်းစာ လျော့နည်း လက်ခံရရှိခဲ့သည်။

တရုတ်နိုင်ငံက ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် သာမန်ရေခဲသေတ္တာအပူချိန်များတွင် သိမ်းဆည်းနိုင်ကြောင်း နှင့် အချို့က တရုတ်နိုင်ငံသည် ကာကွယ်ဆေးများ ပိုမိုထောက်ပံ့ပေးနိုင်သည်ဟု ယုံကြည်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

———————————————-
(English Version)
China might vaccinate most of world: media

WASHINGTON, Sept. 15 (Xinhua) — “The U.S. isn’t vaccinating most of the world – but China might,” U.S. news website Axios news said Monday in a report.

“The U.S. and other Western countries could vaccinate teenagers and provide booster shots to everyone, and still have 1.2 billion excess doses available to send elsewhere this year,” the report cited data from analytics firm Airfinity as saying.

However, “the U.S. and its drug companies likely won’t get the poor, unvaccinated parts of the world out of the pandemic, but China might,” the report said.
The global COVAX plan estimates it received 25 percent fewer doses than expected.

The vaccines manufactured by China can be “stored at normal refrigerator temperatures,” and some believe China is able to supply more vaccines, the report said. Enditem
Photo 1 – A cargo containing the Sinopharm COVID-19 vaccines is seen upon arrival in Manila, the Philippines, Aug. 20, 2021. (Xinhua/Rouelle Umali)
Photo 2 – A nurse administers Sinopharm COVID-19 vaccine jab to a local at Parirenyatwa Group of Hospitals in Harare, capital of Zimbabwe, July 8, 2021. (Photo by Shaun Jusa/Xinhua)