Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကာကွယ်ဆေးများ ၊ နိုင်ငံတကာအကူအညီများ ပို၍ထောက်ပံ့မည်

ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးများ နှင့် နိုင်ငံတကာအကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် ယခုနှစ်ကုန်တွင် ကမ္ဘာသို့ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂ ဘီလီယံစာ ထောက်ပံ့ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးမှုသို့ ဗီဒီယိုရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် ရှီက ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့ရှိ မွမ်ဘာဆာ-နိုရိုဘီ (Mombasa-Nairobi)SGR ရထားလမ်းတွင် တရုတ်နိုင်ငံထုတ် ရထားစက်ခေါင်းဘေး၌ ကင်ညာနိုင်ငံသားများအား ကခုန်သီဆိုနေသူများအား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

COVAX အစီအစဉ်သို့ ငွေသား အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းသည့်အပြင် တရုတ်နိုင်ငံသည် ယခုနှစ်တွင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများသို့ ထပ်မံ၍ ကာကွယ်ဆေး အကြိမ်ရေ သန်း ၁၀၀ စာ လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီက ကာကွယ်ဆေးများသည် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကောင်းကျိုး ဖြစ်စေရန် နှင့် ဖွံဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး ရရှိနိုင်မှု နှင့် ဈေးနှုန်းတက်နိုင်မှု သေချာစေရေးတို့အတွက် လိုအပ်သည့် အကြောင်းတရားများစွာအပေါ် အလေးအနက်ပြောကြားခဲ့သည်။

အရေးအကြီးဆုံးဦးစားပေးမှာ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးများအား ဘက်မလိုက်ဘဲ ညီမျှစွာ ဖြန့်ဖြူးရေး သေချာစေရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးလိုအပ်ချက်များနှင့်ပတ်သက်၍ ဂရုစိုက်လျက် ရှိကြောင်းလည်း အလေးအနက်ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီရန် ကြွေးမြီဆိုင်းငံ့ခြင်း နှင့် ဖွံ့ဖြိုးမှုအကူအညီများကဲ့သို့သော နည်းလမ်းများကို အသုံးပြုနိုင်ပြီး အထူးသဖြင့် အားနည်းသူများသည် ထူးခြားသော အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း နှင့် နိုင်ငံအချင်းချင်းအကြား မမျှတသော ၊ မလုံလောက်သော ဖွံ့ဖြိုးတိုးတက်မှုများအား အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ တုန့်ပြန်ရေး နှင့် စီးပွားရေး ၊ လူမှုရေး ပြန်လည်ကောင်းမွန်လာစေရေးတို့တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား လာမည့်သုံးနှစ်အတွင်း ထပ်မံ၍ နိုင်ငံတကာအကူအညီ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ရန် ကတိပြုထားကြောင်း ရှီက ဆိုသည်။ (Xinhua)

——————————————
(English Version)

Xi Focus: China to provide more vaccines, international assistance

BEIJING, Sept. 21 (Xinhua) — Chinese President Xi Jinping said Tuesday that China will provide more vaccines against COVID-19 to the world, as well as international assistance.
The country will strive to provide a total of 2 billion doses of vaccines to the world by the end of this year, Xi said in his statement delivered via video at the general debate of the 76th session of the United Nations General Assembly.

In addition to donating 100 million U.S. dollars to COVAX, China will donate 100 million additional doses of vaccines to other developing countries this year, he said.
Xi has stressed on many occasions the need to make vaccines a global public good and ensure vaccine accessibility and affordability in developing countries.
He said that the pressing priority is to ensure the fair and equitable distribution of vaccines globally.
Xi also stressed caring about the special needs of developing countries.

“We may employ such means as debt suspension and development aid to help developing countries, particularly vulnerable ones facing exceptional difficulties, with emphasis on addressing unbalanced and inadequate development among and within countries,” he said.

China has pledged an additional 3 billion U.S. dollars of international assistance in the next three years to support developing countries in responding to COVID-19 and promoting economic and social recovery, he added. ■

Photo 1 – A donation of COVID-19 vaccine from Chinese pharmaceutical company Sinopharm arrives at the N’Djamena International Airport in Chad, June 2, 2021. (Chinese Embassy in Chad/Handout via Xinhua)

Photo 2 – Kenyans sing and dance beside a Chinese-made locomotive for the Mombasa-Nairobi Standard Gauge Railway, in Mombasa of Kenya, Jan. 11, 2017. (Xinhua/Sun Ruibo)