Connect with us

Africa & Middle East

ဆူဒန်နိုင်ငံက မအောင်မြင်သော အာဏာသိမ်းမှု ခေါင်းဆောင်ကို ဖမ်းဆီး

ခါတွမ်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီသည် မအောင်မြင်သော အာဏာသိမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ် Abdul-Baqi Hassan Osman အား ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင်ကြေညာခဲ့သည်။ရာထူး အဆင့်အမျိုးမျိုးပါဝင်သော အခြားစစ်ဘက်ဆိုင်ရာအရာရှိ ၂၂ ဦးနှင့် ပြန်တမ်းဝင်အရာရှိမဟုတ်သော အခြားအဆင့် နှင့် စစ်သည်များကိုလည်း ဖမ်းဆီးခဲ့ကြောင်း ကောင်စီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ၌ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက်တွင် လုံခြုံရေးအခြေအနေအားဆွေးနွေးရန် ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က သဘာပတိအဖြစ်ဆောင်ရွက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

“ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အာဏာသိမ်းဖို့ကြိုးစားရင်းနဲ့ လက်ရှိအသွင်ကူးပြောင်းရေးကာလကိုလျော့ပါးသွားအောင်လုပ်ခဲ့တယ်’’ ဟုဆူဒန်ကာကွယ်ရေးဝန်ကြီး Yassin Ibrahim Yassin ကကြေညာချက်၌ပြောကြားခဲ့သည်။

“ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အာဏာသိမ်းဖို့ကြိုးပမ်းရန်နဲ့ လက်ရှိအသွင်ကူးပြောင်းရေးကာလကို လျော့ပါးသွားအောင်လုပ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားတယ်’’ ဟု ဆူဒန် ကာကွယ်ရေးဝန်ကြီး Yassin Ibrahim Yassin က ကြေညာချက်၌ပြောကြားခဲ့သည်။

ယခင်အုပ်ချုပ်ရေးယန္တရားမှ လက်နက်ကိုင်တပ်ဖွဲ့အုပ်စုတစ်ခုသည် အာဏာသိမ်းရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်အာဏာပိုင်များက စက်တင်ဘာ ၂၁ ရက်တွင် စောပိုင်းတွင် ကြေညာခဲ့သည်။

အာဏာသိမ်းရန်ကြိုးပမ်းမှုအား စစ်တပ်အတွင်းနှင့် အပြင်ဘက်မှပူးပေါင်း ကြိုးကိုင်ချယ်လှယ်ခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်နိုင်ငံ၏ ဝန်ကြီးချုပ် Abdalla Hamdok ကဆိုသည်။ (Xinhua)

——————————————
(English Version)
Sudan arrests leader of foiled coup attempt

KHARTOUM, Sept. 21 (Xinhua) — Sudan’s Security and Defense Council on Tuesday announced the arrest of Major General Abdul-Baqi Hassan Osman, the leader of the foiled coup attempt.
The council added that 22 other military officers of different ranks and a number of non-commissioned officers and soldiers were also arrested.

The council held an emergency meeting, chaired by Chairman of Sudan’s Sovereign Council Abdel Fattah Al-Burhan, to discuss the security situation in Sudan following the thwarted coup attempt.
“The initial investigations indicated that the coup attempt aimed to seize power and undermine the current transitional period,” Sudan’s Defense Minister Yassin Ibrahim Yassin said in a statement.
Earlier on Tuesday, the Sudanese authorities announced foiling of a coup attempt carried out by a group of armed forces officers from the remnants of the former regime.
Sudan’s Prime Minister Abdalla Hamdok said the foiled coup attempt was orchestrated by elements inside and outside the army. Enditem