Connect with us

Economy

တရုတ်နိုင်ငံက ကုန်းတွင်းဆိပ်ကမ်းများအတွက် ကပ်ရောဂါထိန်းချုပ်မှု အရှိန်မြှင့်

ပေကျင်း ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားသည် ပြည်ပမှ ဝင်ရောက်ကူးစက်မှုများအား ပိုမိုကာကွယ်ရန် ရည်ရွယ်၍ ဆိပ်ကမ်းမြို့များအတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်သည့် ညွှန်ကြားချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ဟောင်ကောင် နှင့် မကာအိုရှိ ဆိပ်ကမ်းများသို့ ဆက်သွယ်သွားလာသူများမှလွဲ၍ အခြားကုန်းတွင်းဆိပ်ကမ်းမြို့များမှ ခရီးသွားလာသူများသည် ထွက်ခွာချိန် ၄၈ နာရီအတွင်း ပြုလုပ်ထားသည့် ရောဂါပိုးမရှိသည့် nucleic acid စစ်ဆေးမှုရလဒ်အား ပြသရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ကုန်းတွင်းဆိပ်ကမ်းများသို့ သွားလာသူများသည် ဆိုက်ရောက်ချိန်တွင် အနည်းဆုံး nucleic acid စစ်ဆေးမှုတစ်ကြိမ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသတ်မှတ်ချက်များအား ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်အထိ ဒေသတွင်းကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံများဖြင့် လွှမ်းခြုံထားသည့် သတ်မှတ်ဧရိယာများတွင် သက်ဆိုင်ရာဒေသအလိုက် အတည်ပြုထုတ်ပြန်သည့်နေ့မှစ၍ ပြဌာန်းသွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အရည်အချင်းပြည့်မီသောဆိပ်ကမ်းမြို့များသည် ၎င်းတို့၏ အုပ်ချုပ်စီရင်ပိုင်ခွင့်အာဏာအတွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြားခံဇုန်များထူထောင်ခြင်းအား ထည့်သွင်းစဉ်းစားနိုင်ကြောင်းလည်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ (Xinhua)

#China #epidemic #control #landport #တရုတ်နိုင်ငံ #ကပ်ရောဂါ #ထိန်းချုပ်ရေး #ကုန်းတွင်းဆိပ်ကမ်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

———————————————-
(Chinese Version)

China ramps up epidemic control for land port cities

BEIJING, Dec. 12 (Xinhua) — The joint prevention and control mechanism of China’s State Council has released a circular ordering increased epidemic prevention and control for port cities in a bid to further prevent imported infections.

People traveling from land port cities other than those connected to ports in Hong Kong and Macao should present a negative result of a nucleic acid test taken within 48 hours of departure, the circular said. Those traveling to land port cities should take at least one nucleic acid test upon arrival.

These requirements should be enforced from the date relevant localities confirm and announce the specific areas covered by local epidemic prevention and control measures until March 15, 2022, the circular said.

It also said that eligible port cities can consider establishing buffer zones for epidemic prevention and control within their jurisdictions. Enditem
Photo – A volunteer registers personal information for a resident before nucleic acid testing in the border city of Manzhouli in north China’s Inner Mongolia Autonomous Region, Dec 6, 2021. [Photo/Xinhua]