Connect with us

Science & Technology

တရုတ်နိုင်ငံက အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ထျန်းဝန်-၁ အာကာသယာဉ်မှ ပေးပို့သော ဓာတ်ပုံ ၊ ရုပ်သံဖိုင်အသစ်များ ထုတ်ပြန်

ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ထျန်းဝန်-၁ အာကာသယာဉ်သည် ဂြိုဟ်နီကြီးတွင် ဆင်းသက်ကာ စူးစမ်းရှာဖွေမှုပြုလုပ်နေသည့် ဓာတ်ပုံ ၊ ရုပ်သံဖိုင်အသစ်များကို ယနေ့ ဇွန် ၂၇ ရက်တွင် တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထုတ်ပြန်ခဲ့သည်။အဆိုပါရုပ်သံဖိုင်ထဲတွင် ဆင်းသက်ယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ လေထီးဖြင့် ချပေးခြင်း နှင့် ဆင်းသက်ခြင်းများကို တွေ့မြင်ရပြီး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် ဂြိုဟ်ပေါ်ဆင်းသက်သည့် ပလက်ဖောင်းမှ မောင်းနှင်ကာ ဂြိုဟ်မျက်နှာပြင် ကုန်းမြေပေါ်တွင် ရွှေ့လျားနေသည့် ပုံရိပ်များကို ပြသခဲ့သည်။

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ထျန်းဝန်-၁ အာကာသယာဉ်မှ ပေးပို့သော ဓာတ်ပုံ ၊ ရုပ်သံဖိုင်အသစ်များကို တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထုတ်ပြန်ရာတွင် အင်္ဂါဂြိုဟ် ပတ်ဝန်းကျင်ရှုခင်းများအား တွေ့မြင်ရစဉ်(Photo provided to Xinhua)

ဓာတ်ပုံများတွင် အင်္ဂါဂြိုလ် ပတ်ဝန်းကျင်ရှုခင်း နှင့် ဂြိုဟ်ပေါ်သွားယာဉ်က ချန်ခဲ့သည့် ဘီးရာချိုင့်များလည်း ပါဝင်ကြောင်း သိရသည်။
ဇွန် ၂၇ ရက် နံနက်ပိုင်းအထိ ထျန်းဝန်-၁ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်အနှံ့ ၃၃၈ ရက်အကြာ ခရီးစဉ်အတွက် လည်ပတ်နေခဲ့ကြောင်း နှင့် ကမ္ဘာ နှင့် အင်္ဂါဂြိုဟ် အကွာအဝေးသည် ခန့်မှန်းခြေအားဖြင့် ၃၆၀ သန်း ကီလိုမီတာ ရှိကြောင်း သိရသည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် အင်္ဂါဂြိုဟ်သက် ၄၂ ရက်ကြာ လှုပ်ရှားသွားလာခဲ့ပြီး စုစုပေါင်း ၂၃၆ မီတာ ခရီးနှင်ခဲ့ကြောင်း သိရသည်။
အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် စီစဉ်ထားသည့်အတိုင်း ရွေ့လျားလှုပ်ရှားခြင်း ၊ စူးစမ်းရှာဖွေခြင်း ၊ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာခြင်းတာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ orbiter သည် ထပ်ဆင့်ဂြိုဟ်ပတ်လမ်းတွင် ဆက်လက်လည်ပတ်သွားမည် ဖြစ်ပြီး သိပ္ပံနည်းလမ်းကျ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် rover ၏ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေမှုများအတွက် ဆက်သွယ်ရေးလမ်းကြောင်း ထပ်ဆင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)
China releases new videos, images from Mars probe Tianwen-1

BEIJING, June 27 (Xinhua) — The China National Space Administration (CNSA) on Sunday released new videos and images of the country’s Mars probe Tianwen-1 landing on and exploring the red planet.

The videos show the landing rover deploying its parachute and descending to the Martian surface, and its Mars rover Zhurong driving away from its landing platform and moving over the land.

The images include the Martian landscape and the ruts left behind by the rover.
As of the morning of June 27, the orbiter of the Tianwen-1 mission has been operating around Mars for 338 days, and its Earth-Mars distance is approximately 360 million km.

The Mars rover Zhurong has been working on Mars for 42 Martian days and has driven a total of 236 meters.
Zhurong will continue its movement, detection, and scientific exploration missions as planned.

The orbiter will continue to operate in a relay orbit, providing relay communication for the rover’s scientific exploration while conducting its own scientific detection operations. ■

Photo 1.The China National Space Administration Sunday released new videos and images from Mars probe Tianwen-1. The photo shows the Martian landscape. (Photo provided to Xinhua)
Photo 2.The photo shows the ruts left behind by the Mars rover Zhurong. (Photo provided to Xinhua)