Connect with us

China

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ တာဝန်ရှိသူအချို့အား ဗီဇာ ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ လွှတ်တော်အဆောက်အအုံအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်အတွက် အမေရိကန် အစိုးရတာဝန်ရှိသူအချို့အား ဗီဇာများ ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဆက်စပ်မေးခွန်းတစ်ခုအား ပြန်လည်ဖြေကြားရာတွင် အမေရိကန်နိုင်ငံ အားကစားကိုယ်စားလှယ်အဖွဲ့တွင် သံတမန် သို့မဟုတ် ဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအများစု နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် အစိုးရတာဝန်ရှိသူ အများအပြား ပါဝင်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ပေကျင်းဆောင်းရာသီအိုလံပစ်မှာ အားကစားသမားတွေအားလုံးပါဝင်ယှဉ်ပြိုင်ဖို့အတွက် တရုတ်နိုင်ငံဘက်က စိတ်အားထက်သန်မှုဖန်တီးဖော်ဆောင်ပေးခြင်းနဲ့အတူ အိုလံပစ်စိတ်ဓာတ် နဲ့ အတူတကွပြုမူဆောင်ရွက်သွားကြဖို့ အမေရိကန်နိုင်ငံဖက်က လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
China has granted visas to some U.S. officials: FM spokesperson
BEIJING, Jan. 19 (Xinhua) — Chinese foreign ministry spokesperson Zhao Lijian on Wednesday confirmed that China has granted visas to some U.S. government officials for the Beijing Winter Olympics.
In response to a related query, Zhao told a daily press briefing that the U.S. delegation comprises a large number of government officials, including those from the Department of State, and many of them hold diplomatic or service passports.
“We hope the U.S. side will earnestly act upon the Olympic spirit and work together with the Chinese side to create sound atmosphere for all athletes’ participation in the Beijing Winter Olympics,” Zhao said. ■
Photo – Photo taken on Sept. 30, 2021 shows the U.S. Capitol building in Washington, D.C., the United States. (Xinhua/Liu Jie)