Connect with us

China

တရုတ်နိုင်ငံဝန်ကြီးချုပ်လီက ကာဇက်စတန်နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် Alikhan Smailov  ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ကာဇက်စတန်နိုင်ငံ နာလ်-ဆူတန်မြို့၏ ဆောင်းဦးရာသီမြင်ကွင်းအလှအား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် Alikhan Smailov ထံဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ဇန်နဝါရီ ၁၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသဝဏ်လွှာထဲတွင် တရုတ်ဝန်ကြီးချုပ်လီက ကာဇက်စတန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းရန် ၊ လူမှုတည်ငြိမ်ရေးထိန်းသိမ်းရန် နှင့် ပြည်သူများ၏ ဘဝ သာယာဝပျောရေးအတွက် ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကာဇက်စတန်နိုင်ငံသမ္မတ Kassym-Jomart Tokayev နှင့် ကာဇက်အစိုးရအဖွဲ့ ဦးဆောင်ဦးရွက်မှုအောက်တွင် ကာဇက်စတန်နိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံးအချိန်ကာလတစ်ခု အတွင်း နိုင်ငံတည်ငြိမ်မှု နှင့် စည်းလုံးညီညွတ်မှုကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း နှင့် ၎င်း၏ ဖွံ့ဖြိုတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များကို ရှေ့ဆက်တက်လှမ်းနိုင်မည်ကို ယုံကြည်ကြောင်း လီ၏ သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံ အကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် လွန်ခဲ့သော  နှစ်ပေါင်း ၃၀ ကတည်းက နှစ်နိုင်ငံသည် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အမြဲထိန်းသိမ်းခဲ့ကြကြောင်း လီက ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များထားရှိခဲ့သော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖောင်ဆောင်ရွက်ရေးအတွက် ကာဇက်စတန်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း နှင့် နက်ရှိုင်းသော နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက်ပြည်သူများနှင့် နှစ်နိုင်ငံ၏ အကျိုးစီးပွားရလဒ်အတွက် ဆက်ဆံရေးအဆင့်သစ်တစ်ခုအဖြစ် တရုတ်-ကာဇက်စတန် အမြဲတမ်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာထဲတွင် ဖြည့်စွက် ဖော်ပြထားသည်။(Xinhua)

……………………………..

(English Version)

Chinese premier congratulates Kazakh PM on assuming office

BEIJING, Jan. 15 (Xinhua) — Chinese Premier Li Keqiang on Friday sent a congratulatory message to Alikhan Smailov on his assuming office as Kazakh prime minister.

In his message, Li said China supports Kazakhstan’s efforts to safeguard national security, social stability and people’s well-being.

Li expressed his belief that under the leadership of Kazakh President Kassym-Jomart Tokayev and the Kazakh government, Kazakhstan will restore stability and unity as soon as possible, and step towards its development goals.

Noting that since the establishment of the diplomatic ties 30 years ago, China-Kazakhstan relations have always maintained high-level development, Li said China is ready to work with the Kazakh side to implement the consensus reached by the two heads of state, and continuously deepen practical cooperation, so as to lift the China-Kazakhstan permanent comprehensive strategic partnership to a new level for the benefit of both nations and peoples.

Photo taken on Oct. 20, 2021 shows the autumn scenery in Nur-Sultan, Kazakhstan. (Photo by Kalizhan Ospanov/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.